" အွန်း အဲ့ဆို ငါတို့နဲ့ ဘေးကပ်ရက်ဘဲမလား"

"ဟုတ်တယ် ခနနေမှ တွေ့ကြမယ်"

"‌အွန်း ဟုတ်ပြီ"

သူရက စိုင်းစဝ်တို့၏ ဘေးက တဲထဲသို့ ဝင်သွားသည်။

"အချစ်ကိုယ်တို့လဲ ဝင်ကြမယ်လေ ပြီးမှ ရေတံခွန်ကို သွားကြည့်ကြမယ်"

စိုင်းစဝ် ခေါင်းညိမ့်ပြကာ တဲထဲသို့ဝင်လိုက်သည်။

တဲလေးသည် အထဲတွင် ချစ်စရာအလွန်ကောင်းသည်။ ဆိုလာမီးလုံးအဝါရောင်လေးကို ထွန်းပေးထားသည်။ ယောင်္ကျားလေးများအတွင်ဟု ကြိုပြောထား၍ ဖြစမည်၊ အိပ်ရန်အခင်းကို နှစ်ယောက်အိပ်ထားပေးထားငည်ကို တွေ့ရသည်။

စိုင်းစဝ်တဲလေးကို ကြည့်စဉ် ဝီလျှံရှိန်းပါ ဝင်လာသည်။

""အချစ် ခနနားပြီးရင်း ကိုယ်တို့ ရေတံခွန်နားသွားကြရအောင်နော်"

"သွားမယ်လေ ခနနေ သူရလာခေါ်မယ်တဲ့ ဖုန်းဆက်ခဲ့တယ်"

စိုင်းစဝ်နှင့် ဝီလျှံရှိန်း တဲထဲတွင် ခဏ နားလိုက်သည်။ မည်သို့ပင် ကားပေါ်တွင် အိပ်လာသည်ဖြစ်စေ အနည်းအငယ်တော့ ပင်ပန်းနေပါသေးသည်။

"စိုင်းစဝ် .... စိုင်းစဝ်"

""အွန်းသူရ "

"ရေတံခွန်သွားကြမယ် ‌လေးနာရီရှိနေပြီ ငါးနာရီကျရင် ဆရာမက ထမင်းစားကြမယ်တဲ့ "

"အေအေ လာပြီ ခနလေးနော် ...ဝီလျှံရှိန်း ထတော့ သွားမယ်"

ဝီလျှံရှိန်း အချစ်သူငယ်ချင်းပထမခေါ်ထဲက ကြားပါသည်။ အချစ်ဘာလုပ်မလဲဆိုတာကို သိချင်၍ အိပ်ချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။

"သွားမယ်လေ လာအချစ်"

စိုင်းစဝ်တို့ကြိုးတံတားပေါ်တွင် ဓာတ်ပုံရိုက်ကြသည်။ ရေတံခွန်နားနီး၍ သစ်ပင်များရှိသဖြင့် အနည်းငယ်ချမ်းစိမ့်စိမ့် ဖြစ်သည့်အတွကါ ဟူဒီအဖြူရောင်အား ဝတ်လာခဲ့သည်။

"စိုင်းစဝ် မင်းနဲ့ ဝီလျှံရှိန်း သွားရပ်ကြ ငါရိုက်ပေးမယ်"

"ရတယ် မလိုဘူး...ဝီလျှံရှိန်း"

စိုင်းစဝ် မလိုဘူးဂု ပြောနေသေးသည် ဝီလျှံရှိန်းမှ စိုင်းစဝ်အား သူ့အနားသို့ ဆွဲလိုက်သည်။

Find Love Because Of you (Complete)Where stories live. Discover now