ခုထိသတင်းမပို့ရသေးဘူးဆိုတာက အလုပ်သည်အပြည့်အဝအတည်မပြုရသေးဘူးဆိုတဲ့ အဓိပ္ပါယ်ပင်။ ဒီအဆင့်မှာလူအစားထိုးတာက တကယ်ပဲစွန့်စားမှုများသည်။

ဒီတစ်ကြိမ်မှာတော့ လုမိသားစုသည်ရတတ်မအေးဖြစ်သွားကြပြီး အထူးသဖြင့်လုချွမ်ပင်။ နောက်ဆုံးမှာတော့ သူမကကျေးလက်သွားရခြင်းမှ ကင်းလွတ်ခွင့်ရခဲ့ပြီး ဒီလိုအလုပ်ကောင်းကောင်းတစ်ခုရခဲ့တာ။ ဘယ်လိုလုပ်ပြီး အလွယ်တကူလက်လျှော့နိုင်မှာလဲ?

" ဒါဆို သမီးတို့ဘယ်လိုလုပ်ကြမလဲဟင်? ဒုတိယညီမကိုစောစောသတင်းသွားပို့ခိုင်းလို့ရမလား? မဟုတ်ရင် သတင်းပို့ရတဲ့အချိန်ကျ သူကကျေးလက်ကိုရောက်နေပြီးသားဖြစ်‌သွားလိမ့်မယ်!"
လုချွမ်အမှန်စင်စစ်စိတ်ပူပါသည်။ မမျှော်လင့်ထားတာတစ်ခုခု ဖြစ်ပွားမည်ကို သူမစိုးရိမ်သည်။ ဒီအလုပ်ကိုသူမမရခဲ့ရင် ကျေးလက်ကိုသွားရအုံးမှာပဲ။

အမေလုခေါင်းယမ်းပြီး သူမကိုစိတ်အေးစေလိုက်သည်။
" စိတ်မပူပါနဲ့ နောက်တစ်နည်းတွေးကြတာပေါ့ ဒီအလုပ်ကသမီးအတွက်ပဲ ဘယ်သူမှယူသွားလို့မရဘူး စိတ်အေးအေးထားနော်"

အမေဖြစ်သူပြောတာကြားလိုက်ရတော့ လုချွမ်ရဲ့စိတ်ပူနေတဲ့နှလုံးသားသည် နောက်ဆုံးမှာတည်ငြိမ်သွားသည်။

လုရှကကတော့ အနည်းငယ်ရွဲ့သလိုခံစားလိုက်ရသည်။ ဒီအချိန်မှာတောင်မှ အမေလုကသူမကိုဖိနှိပ်နေတုန်းပဲ။ အစတည်းက သူမမှာဒီမှာနေဖို့ရည်ရွယ်မရှိတာ မပြောနဲ့အုံး။ နေလို့ရမယ်ဆိုရင်တောင် သူမဘာသာထွက်သွားဖို့ နည်းလမ်းရှာရမှာပဲ။

သားသမီးဝတ်ကျေပွန်ခြင်းကိုအလေးပေးတဲ့ ဒီခေတ်မှာ သူမကလုမိသားစုရဲ့ကလေးဖြစ်ရာ ကျေးလက်ကိုသာမသွားခဲ့ပါက သူတို့ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လောက်မည်မဟုတ်ပေ။ ကျေးလက်ကိုသွားပြီး အေးအေးချမ်းချမ်းနေလိုက်တာမှ ပိုကောင်းအုံးမည်။

ထို့ကြောင့် သူတို့ကိုဆက်ပြီးဝေခွဲမရဖြစ်မနေခိုင်းတော့ပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
" ကျွန်မတွေးထားတာကဒီလိုမျိုး အစ်မကြီးကိုကျွန်မနာမည်နဲ့သတင်းသွားပို့ခိုင်းလိုက် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကအသက်သိပ်မကွာဘူးလေ သူတို့ကမတူဘူးလို့ပြောနိုင်လောက်မှာမဟုတ်ဘူး အစ်မကြီးကအလုပ်မှာအတည်တကျဖြစ်သွားတဲ့အခါ နာမည်ပြန်ပြောင်းယူလို့ရတယ်"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now