ဖန်ပြင်တွေဖြင့်ကာရံထားသည့်အခန်းတစ်ခန်းလုံးသံချင်းသံလေးလွင့်လွင့်နှင့် မောဟိုက်သံတို့သာ ကြားနေရသည်ပင် ။ချန်ဒလာတစ်ယောက် အပြေးစက်ပေါ်၌ ပြေးလွှားခြင်းကို ခနရပ်ကာ ကြမ်းပြင်ပေါ်လက်ထောက်လျှက် ဒိုက်ထိုးဖို့ စတင်နေတော့သည် ။

ပထမဆုံး လက်နှစ်ဖက်ကို ထောက်လျှက်ခြေနှစ်ဖက်ကိုလေပေါ်မြှောက်ကာ ဒိုက်ထိုးနေရင်းနဲ့မှလက်တစ်ဖက်ကိုခါးနောက်ကိုကပ်လျှက် ကျန်လက်တစ်ဖက်ရှိ တစ်ဖြေးဖြေး ကျန်လက်ချောင်းတွေပါသိမ်းကာ လက်ညှိုးတစ်ချောင်းထဲဖြင့်ကင်းမြှီးကောက်ထောင် ဒိုက်ထိုးနေပြန်တော့သည်။ခန္ဓာကိုယ်တစ်ကိုယ်လုံးစာကို လက်ညှိုးတစ်ချောင်းထဲဖြင့်ထိန်းထားရသည့်အတွက် လက်ကသွေးကြောတွေဟာလည်းထိုးထွက်မတတ်တင်းရင်းလာပေတော့သည် ။ ကြမ်းပြင်နှင့်မျက်နှာမူလျှက် ခန္ဓါကိုယ်ကို မြှောက်လိုက် ချလိုက်လုပ်နေသည်မှာ သာမာန်လူဖို့ မလွယ်ကူလှပေမယ့် ချန်ဒလာဟေဒန်အတွက်တော့ပုံမှန် ပမွှားလေးသာ ။

အချိန်တစ်ခုလောက်ကြာသည့်အခါအကုန်လုံးပြီးဆုံးသည်နှင့်ချန်ဒလာဟေဒန်တစ်ယောက်ကြမ်းပြင်‌ပေါ်၌မောပန်းနေသမျှကိုစုကာခြေဆင်းလက်ပြစ်ထိုင်ချလိုက်လေသည်။ချွေးသံတစ်ရဲရဲတို့နှင့် ရင်ဘတ်အစုံဟာလည်းနိမ့်ချည်မြင့်ချည်။

ဒေါက် ! ‌ဒေါက် !

"" ဝင်ခဲ့ ""

"" သခင်လေး ချန်ဒလာ သခင်ကြီးက Toronto မြို့ကို ပြန်လာခဲ့ဖို့ ပြောလိုက်ပါတယ်ဗျ ""

ဟယ်ရီတစ်ယောက် ရှေ့မှာ ရှိနေသည့် သခင်လေးဆိုသူကို စဝင်လာကတည်းကအပြည့်အဝမော့မကြည့်ရဲသေးပေ။ခုလိုအားကစားလုပ်‌နေသည့်အချိန်ဆိုပိုဆိုးပေသည် ။ နှောင့်ယှက်ခြင်းကိုမကြိုက် ဒါကြောင့်လည်း အများသူငါနှင့် ဆော့လို့ရသည့် မြို့ထဲ Gym နေရာ၌ ဘယ်တော့မှမဆော့။‌ ဂျေးများလွန်းတာလည်းဖြစ်သည်။သဘာဝတရားကို ချစ်သည့် သခင်လေး ချန်ဒလာဟေဒန်သည် တောတောင်ဘက်ခြမ်းလာကာ အိမ်တစ်လုံးဝယ်ထားခြင်းဖြစ်သည် ။ လူသံဆို၍မကြားရရေစီးသံ၊ငှက်သံအပင်တွေတစ်ယိမ်းယိမ်း လှုတ်ခက်သံတို့သာဦးစားပေးကြားနေရပေသည် ။

CHANDLER { Ongoing }Donde viven las historias. Descúbrelo ahora