ပုံမှာဝါးနေသည့်တိုင်...လှပကျော့ရှင်းသော ကျောပြင်နှင့် သေသပ်စွာဝတ်ဆင်ထားသော သူ‌ဝတ်နေကျစတိုင်အနက်ရောင် suitဖြင့် Shen Quan Rui မှန်းတန်းသိနိုင်သည်။

ပုံထဲတွင်ဘေးမှ Kim Ji Woong ပင်ပါလာသေးသည်။

Comment 1: 'တစ်ကယ်ကြီးစုံတွဲလက်စွပ်?? ငါတို့ရဲ့နှင်းလုံးလေးက စေ့စပ်တော့မှာလား!!! ဘယ်သူလဲ သူ့ချစ်သူကဘယ်သူများလဲဟာ!!'

Comment 2: 'နေကြစမ်းပါအုန်း!! ရီခီရှန်က စုံတွဲလက်စွပ်ဝယ်ပါတယ်လို့ နင်တို့ကဘာလို့အဲ့လောက်သေချာနေရတာလဲ! သူ့ဘာသာ accessories တစ်ခုခုလာဝယ်တာလဲဖြစ်ချင်ဖြစ်မှာပေါ့'

Replied to comment 2: 'လုံးဝ ငါအာမခံပေးနိုင်တယ်!!! အဲ့တုန်းက ဆိုင်ထဲမှာ ငါရှိနေခဲ့တာ...ရီခီရှန်သေချာပေါက် couple ringဝယ်သွားခဲ့တာလို့'

Comment 3 : 'အမလေး..တစ်ယောက်‌ယောက် ရှူဆေးဘူးမပါကြဘူးလား...!! ဟင့်ဟင့်!'

မိန်းကလေးပရိတ်သတ်များမှာ ငိုသည့်အီမိုဂျီတသီတတန်းကြီးဖြင့် မန့်နေကြပြီး ထိုမျှဖြင့်အားမရသည့်တိုင်.... ပရိတ်သတ်တစ်ချို့က မည်မျှပင် ခံစားရကြောင်းစာအရှည်ကြီးများဖြင့်မန့်လာကြ၏။ထိုအခြင်းအရာကို ဂုဏ်ပြုသည့်သူမှာ အနည်းအကျဉ်းမျှသာ...

Comment 4 : 'ဒီပုံထဲမှာ ငါတွေ့လိုက်တာကို နင်တို့မြင်ကြလား!! ရီခီရှန့် ဘေးနားကိုကြည့်လိုက်ကြပါအုန်း....အဲ့ဒီ့လူက တစ်ယောက်ယောက်နဲ့မတူဘူးလား?'

ဖြစ်ချင်တော့ ဓာတ်ပုံထဲတွင် Ji Woong ကဘေးတစောင်းရပ်နေပြီး မျက်နှာတစ်ခြမ်းက ကင်မရာဘက်သို့ ထင်ထင်ရှားရှားလှစ်လှပ်ပြနေသလို ဖြစ်နေသည်။

Colour blind မဟုတ်သော ဓာတ်ပုံဖြစ်သော်လည်း ကင်မ်ဂျီဝွန်း၏ ဘေးစောင်းကျထင်းနေသော Lပုံသဏ္ဌာန်မေးရိုးနှင့် ချွန်မြနေသော နှာတံအပြင် နက်မှောင်နေသော မျက်ခုံးတန်းများဟာ ပန်းချီကား၏ အနုစိတ်စုပ်ချက်များအလား....

ထိုလူမှာ ကြည့်လိုက်ယုံဖြင့် တစ်ပတ်လောက်မျက်လုံးထဲထင်းနေမည့် ခပ်ချောချောမျက်နှာပေါက်မျိုးပင်...

Comment 5:'ဟေး ငါသိပြီ။အဲ့တာ Kimလုပ်ငန်းစုက သူဌေးသားလေးမှတ်လား! ဟိုအရင်ကလည်းစီးပွားရေးသတင်းခေါင်းစဉ်မှာ ခဏခဏပါဖူးတယ်လေ....သူတို့နှစ်ယောက်က ကြည့်ရတာကောင်းမွန်တဲ့ဆက်ဆံရေးရှိပုံပဲနော်....'

Fallin'Harder Where stories live. Discover now