"မင်း ဘာစားမလဲ ဒီမှာ အစုံရတယ်"

"အချစ်ညဈေးတန်းလာတာ ဒါစားချင်လို့မလား"

"ဟုတ်တယ်လေ ဘာစားမလဲ မြန်မြန်ရွေး"

"အချစ်စားတာဘဲ မှာလိုက်လေ ကိုယ်စားပါတယ်"

"ကျွန်တော့်ကို ကွေ့တယို (၃)ပွဲပေးနော် (၂)ပွဲကိုအရင်ချင်ပေးပါ တစ်ပွဲကိုတော့ နောက်မှ ချပေးနော် ပြီးတော့ ကီဝီsoda (၂)ခွက်နဲ့ သင်္ဘောသီးသုပ်တစ်ပွဲပေးနော် လောလောဆယ်တော့ ဒါဘဲ အရင်ချပေးနော် အော် ကွေ့တယို က ကြက်သားနဲ့နော်"

"ဟုတ် (၁၀)မိနစ်တော့စောင့်ပေးနော်"

"ဟုတ် ကွေ့တယို နှစ်ပွဲကိုတော့ အရင်ချပေးနော်"

"ဟုတ်ကဲ့ ခင်ဗျ"

စိုင်းစဝ် စားချင်သည်များ မှာပြီးချိန်တွင် ဝီလျှံရှိန်းထံ အကြည့်ပို့မိတော့ ကိုယ့်အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘာကြည့်နေတာလဲ"

"အချစ်က စားနိုင်တာ‌ဘဲလို့ တွေးနေတာ နောက်အချစ်လာချင်ရင် ကိုယ့်ကိုပြောနော် ကိုယ်နဲ့ အခုလိုဘဲ dateကျတာပေါ့"

"မdateပါဘူး အခုလဲ dateတာမဟုတ်ဘူး"

"ဟုတ်ပါတယ်ကွာ လုပ်ပါ dateလိုက်ပါ "

"မင်း ဝီလျှံရှိန်း ကျောင်းမှာ နေသလို ရုပ်တည်နဲ့နေလေ အခုတော့ ကျောင်းကနဲ့တစ်ခြားဆီ လူစားထိုးသလားထင်ရတယ်"

"မင်းထင်လို့ပါကွာ ကိုယ်က မင်းအပေါ်မှာ အမြဲအတူတူပါဘဲ"

"ဘာကို အတူတူလဲ အရင်ကနဲ့ အခုနဲ့ ကွာကို ကွာတယ်"

"အဲ့ဒါက အရင်က သိပ်မရင်းနှီးလို့လေ ပြီးတော့ အချစ်က ကိုယ့်ကို ကြောက်နေသလိုဘဲ"

"ပထမတုန်းက တကယ်ကြောက်နေတာ ဟင်...ဟိုမှာ သူရနဲ့ ပြည်လျှံ"

စိုင်းစဝ် စကားပြောရင်း လမ်းဘက်အကြည့်ရောက်တော့ သူရနဲ့ပြည့်လျှံ နှစ်ယောက်သားလက်ချင်းချိတ်ကာ သွားနေသည်ကို တွေ့လိုက်ရသည်။ စိုင်းစဝ် ဖုန်းထုတ်ကာ ဆက်လိုက်သည်။

"တူ.... ဟေ့ကောင် သူရ"

"အေ စိုင်းစဝ် ပြောလေ"

Find Love Because Of you (Complete)Where stories live. Discover now