သက်သေပြခဲ့ခြင်း

483 61 7
                                    

သတိပေးချက် : ဤအပိုင်းတွင် တစ်စိတ်တစ်ပိုင်းစာ အပြင်လောကနှင့်မတူသော လိင်နှင့်ပက်သက်သည့် ကွဲပြားမှုများ ပါ၀င်ပါသည်။ သက်တောင့်သက်သာမဖြစ်လောက်ဘူးထင်ပါက ကျော်သွားနိုင်ပါသည်။ ဖတ်ဖို့အတင်းမတိုက်တွန်းပါ။ မိမိသဘောအရသာ ဖတ်ခြင်းဖြစ်ပြီး ပြဿနာတစ်စုံတစ်ခုရှိခဲ့ပါက ကြိုတင်သတိပေးထားပြီးဖြစ်၍ မူရင်းစာရေးသူ၊ ဘာသာပြန်သူနှင့် လုံး၀မသက်ဆိုင်ကြောင်း၊ character များသည်လဲ အပြင်မှ ကလေးနှစ်ယောက်နှင့် ပက်သက်မှုလားလားမျှမရှိကြောင်း သတိပြုစေလိုပါသည်။ ဆင်ခြင်ပြီးမှ ဖတ်ဖို့အကြံပြုပါသည်။

အချိန်ကြာလာတာနဲ့အမျှ မင်းသားလေး Fourth ရဲ့ ကိုယ်၀န်ကလဲ ရင့်လာသလို မင်းသားလေးရဲ့ ကျန်းမာရေး အခြေအနေကလဲ ပိုပိုဆိုးလာခဲ့တယ်။ နေ့စဉ်နေ့တိုင်း တော်၀င်သမားတော်က မင်းသားလေးကို စစ်ဆေးပေးပြီး မင်းသားလေးနဲ့ လွယ်ထားတဲ့ကလေး ကျန်းမာဖို့အတွက် ဆေးဝါးတွေလဲ စီမံပေးတယ်။

ပြီးတော့ ကိုယ်၀န်နဲ့ပက်သက်ပြီး အားလုံးက သံသယဖြစ်နေတဲ့အချိန် Enigma တစ်ယောက်တည်းကပဲ မင်းသားလေးဘေးမှာ ရပ်တည်ပေးပြီး အားဖြစ်ပေးခဲ့ပါတယ်။ ဒါက Fourth အတွက် တကယ်ကို လွယ်ကူမနေခဲ့ပေမယ့် သူ့ကလေးလေးအတွက် အားလုံးကို သူ ‌တောင့်ခံခဲ့တယ်။

"ဒါရော ဒါလင်? မင်း ကြိုက်လား?" တော်၀င်အပ်ချုပ်ဆရာ ချုပ်ပေးလာတဲ့ ကလေးအ၀တ်လေးတွေကို ပြရင်း အရောင်လက်နေတဲ့ မျက်လုံးတွေနဲ့ Gemini က မေးလာတယ်။

ဗိုက်ပူပူကို ပွတ်မိရင်း သပ်သပ်ရပ်ရပ် ချုပ်ထားတဲ့ အ၀တ်လေးတွေကို Fourth ကြည့်ပြီး ပြုံးလိုက်တယ်။ "ဒီအဆင်လေး ကြိုက်တယ် ကိုကို...ကျွန်တော်တို့ကလေးလေးနဲ့ဆို တအားလိုက်မှာ!" သူ အရင်က တစ်ခါမှမမြင်ဖူးသေးတဲ့ အဆင်ဆန်းဆန်းလေးကို လက်ညှိုးထိုးလိုက်ရင်း Fourth ပြောမိတယ်။ "ကလေးလေးက သားတော်လေးပဲဖြစ်ဖြစ် သမီးတော်လေးပဲဖြစ်ဖြစ် ဒီအဆင်လေးနဲ့ဆို သိပ်ချစ်စရာကောင်းမှာပဲ!"

သူ့ Enigma က စိတ်လိုလက်ရ ခေါင်းငြိမ့်ပြပြီး အမှုထမ်းဆီ အ၀တ်သေးသေးလေးကို ပြန်ကမ်းလိုက်ရင်း "ငါ့ Alpha က ကြိုက်တယ်တဲ့...အပ်ချုပ်ဆရာကို ငါ့သားတော်လေးအတွက် ဒီလိုအဆင်နဲ့ ထပ်ချုပ်ခိုင်းလိုက်ပါ"

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now