"မန်ဂျက်စတစ်တိုင်းပြည်မှ Alpha၊ Luna၊ မင်းသားလေးနှင့်တကွ မင်းသမီးလေးတို့အား ရှစ်လပိုင်း ဆယ့်သုံးရက်နေ့တွင် ကျင်းပမည့် ဖီးနစ်တိုင်းပြည်ရှိ မင်းသားMark၏ နန်းတက်ပွဲကို တက်ရောက်ပေးပါရန် ဖိတ်ကြားလိုပါသည်။ ယခုစာကိုပို့ခြင်းဖြင့် ကျွန်ုပ်တို့သည် လမ်းခရီးတစ်လျှောက် သင်တို့အား ၀မ်းပန်းတသာ လမ်းညွှန်ပေးမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။ ကျေးဇူးတင်ပါသည်။"
မန်ဂျက်စတစ်နိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေးက ဖိတ်စာကို ဇဝေဇဝါဖြစ်စွာကြည့်ရင်း "ဖီးနစ်? အဲ့ကိုရောက်ဖို့ ငါးရက်လောက်ကြာမှာလေ..ပြီးတော့ မန်ဂျက်စတစ်က ဖီးနစ်နဲ့ ဒေသတစ်ခုတည်းမှာမှမရှိဘဲ! ဘယ်လိုဖြစ်ပြီး ကျွန်တော်တို့ကို ဖိတ်ဖြစ်သွားတာလဲ?!" မေးလိုက်တယ်။
ဖိတ်စာသယ်လာတဲ့သူက ဂါရ၀ပြုလိုက်ရင်း "ကျေးဇူးပြုပြီး နားလည်ပေးပါ အိမ်ရှေ့စံ မန်ဂျက်စတစ်နဲ့အတူ Alpha နဲ့ Lunaက တခြားတိုင်းပြည်အားလုံးကိုလဲ ဖိတ်ကြားထားတာပါ ကျွန်တော်မျိုးမှာ ဘာလို့လဲဆိုတာ ထုတ်ဖော်ပြောပိုင်ခွင့်မရှိပါဘူး"
"ကောင်းပြီ ငါတို့ပြင်ဆင်ကြတာပေါ့ မြန်မြန်ရောက်အောင် ဒီညပဲ စထွက်ကြရအောင်" ဘုရင်ကြီးက ပြောလာတယ်။
***
Gemini Norawit, မင်းသားလေးFourth လိုမျိုးပဲ ကြင်ဖက်ရှာတဲ့နေရာမှာ ပြဿနာရှိနေလို့ စိတ်ပျက်နေတဲ့ အိမ်ရှေ့စံ။ ဖီးနစ်ကိုသွားတဲ့ခရီးအတွက် လိုတာပြင်နေတဲ့ သူ့အမှုထမ်းကို ကြည့်နေမိတယ်။
"ခေါင်းဆောင် ငါတို့တကယ်ပဲ ဖီးနစ်ကိုသွားသင့်တာလား?" သူ သံသယဖြစ်စွာ မေးလိုက်တယ်။
သူ့အမှုထမ်းက လုပ်လက်စကိုရပ်လိုက်ပြီး သူ့နားချဉ်းကပ်ကာ "မင်းသားလေးမသွားချင်ဘူးဆို ဘုရင်ကြီးကို လျှောက်တင်လိုက်ရမလား?"
Gemini ခေါင်းခါပြရင်း "မဟုတ်ဘူး ငါနဲ့ပက်သက်တဲ့ ကောလဟာလတွေကြောင့်လေ.." သူ စိတ်ပူစွာ ပြန်ဖြေမိတယ်။
တော်၀င်ပညာရေးသင်ရိုးထဲမှာတောင် ထည့်သင်ရတဲ့ ဒဏ္ဌာရီလာ မျိုးစိတ်ဖြစ်နေတာကြောင့် ဘာပြဿနာမှမရှိဘဲ တိုင်းပြည်ကို ဆက်ခံနိုင်ဖို့ သူ့ကိုယ်သူ Alphaလို့ လိမ်လည်ထားရတာ။
ВИ ЧИТАЄТЕ
Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)
ФанфікиCredit to @pengennulisau on Wattpad Enigma ဆိုတာက အရှားပါးဆုံးအမျိုးအစားဖြစ်ပြီး သူရဲ့ရှားပါးလွန်းမှုကြောင့် ဒဏ္ဍာရီလာ မျိုးစိတ်ဟုပင် သတ်မှတ်ခြင်းခံရတဲ့အထိ။ နှစ်ထောင်ပေါင်းများစွာကြာမှ Enigma တစ်ဦး မွေးဖွားပြီး မျိုးဆက်တစ်ခုထဲမှာ Enigma နှစ်ဦးရှိဖို...