စိုးရိမ်ပူပန်မှု (🍼)

573 57 6
                                    

ပြန်လည်ရောက်ရှိလာတဲ့ မင်းသားလေး Fourth ကို တော်၀င်မိသားစုတွေအကုန် ကြိုဆိုခဲ့ကြတယ်။ အထူးသဖြင့် Fourth ကို သားအရင်းလေးလို ချစ်တဲ့ Luna ပေါ့....သက်လတ်ပိုင်း အမျိုးသမီးက သူမ သားမက်လေးကို တင်းတင်းကြပ်ကြပ် ဖက်လာတယ်။

တစ်လလောက် Fourth ပြန်ပေးဆွဲခံလိုက်ရတာက Luna ကို စိတ်ဖိစီးစေပါတယ်။ နေ့တိုင်း သူမက နန်းတော်ပင်မတံခါးနဲ့ အနီးဆုံးနေရာကနေ သူမ သားမက်လေး ပြန်လာဖို့ကိုပဲ မျှော်နေခဲ့တာ...စိုးရိမ်ပူပန်မှုတွေပဲ သူမဆီမှာ ကြီးစိုးနေခဲ့ပေမယ့် အခု သူမ မျှော်နေတဲ့ မင်းသားလေး ပြန်ရောက်လာပြီမို့ သူမ စိတ်အေးသွားရပြီ။

"သားမက်လေး...အဆင်ပြေရဲ့လား? ဘယ်လိုနေသေးလဲ? သမားတော်နဲ့ စစ်ဆေးကြည့်ကြမလား?" Luna က ဆက်ပြောလာတယ် "လာပါ...မင်းရဲ့ ခန္ဓာကိုယ်ကို အရင်ဆေးကြောသန့်စင်လိုက်တာပေါ့! ပြီးရင် သမားတော်ကို မင်း ကျန်းမာရေး အခြေအနေဘယ်လိုရှိလဲ စစ်ဆေးခိုင်းလိုက်မယ်"

Fourth ကို သေချာ ဂရုစိုက်ပေးကြပါတယ်။ Luna ကိုယ်တိုင်ဦးဆောင်ပြီး သားမက်လေးကို ဂရုစိုက်ပေးတာပဲဖြစ်တယ်။ သုံးဆောင်စရာ အစားအသောက် ပြင်ဆင်ပေးတာကစလို့ တော်၀င်သမားတော် စစ်ဆေးတာခံနေတဲ့ သူ့ဘေးအဖော်ပြုပေးတာအထိပေါ့...

သူ ပြန်ရောက်လာလို့ ပျော်နေတဲ့ Luna နဲ့ မတူစွာပဲ Fourth က တစ်စုံတစ်ခုကို စိုးရိမ်နေမိတယ်။ သမားတော်က သူ့ကို စစ်ဆေးပြီးရင် မကြာခင်မှာပဲ ကိုယ်၀န်အကြောင်း အားလုံးသိသွားတော့မှာ! ဘာလို့မှန်းမသိပေမယ့် သူ တကယ်ပဲ စိတ်ပူပန်နေမိတယ်။

သူ့လက်ကောက်၀တ်ကို စမ်းနေတဲ့ သမားတော်က မျက်မှောင်ကြုံ့သွားတယ်။ ပြီးတော့ သူ နာကျင်စွာ မညည်းလိုက်ခင်အထိ သူ့၀မ်းဗိုက်အောက်ပိုင်းနားကို ဖြည်းဖြည်းချင်း ဖိလာတယ်။ "နာ...နာတယ်!"

သူ့အော်သံက Luna ကို စိတ်ပူသွားစေတယ်။ "ဘာဖြစ်လို့လဲ?!" စိတ်ပူနေတဲ့ Luna က ချက်ချင်းပဲ မေးလာတယ်။

"Luna, Alpha,အိမ်ရှေ့စံ! မင်းသားလေး Fourth က..." တော်၀င်သမားတော်က စိတ်ပူနေတဲ့Fourthကို တစ်ချက်ကြည့်လိုက်ပြီး သူ သိလိုက်ရတဲ့အကြောင်းအရာကို လျှောက်တင်ဖို့ တွန့်ဆုတ်နေတယ်။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now