"ဝီလျှံရှိန်း "

"မင်း ငါ့ဘက်ကိုကော နည်းနည်းလေး‌မှ မတွေးဘူးလား မင်းမရှိရင် ငါ... တောက်"

ဝီလျှံရှိန်း တောက် ခေါက်ကာ အခန်းအပြင်ဘက်သို့ ထွက်သွားသည်။

စိုင်းစဝ်က ဝီလျှံရှိန်း၏ ခံစားချက်ကို နားမလည်ဘူး။ ကိုယ့်မှာ အချစ်တစ်ယောက်ဘဲ ရှိတာ ၊ အချစ်သာ တစ်ခုခုဖြစ်သွားရင် ကိုယ်လုံးဝ ရူးသွားမှာ ၊ ကိုယ်ရဲ့ အချစ်တွေကို မြင်အောင်ကြည့်ပေးပါ။

"စိုင်းစဝ် "

"သူရ လာလေ ထိုင်"

ဝီလျှံရှိန်း ထွက်သွားပြီး မကြာမှီပင် သန့်သူရကိုနှင့် ထွဋ်ခေါင်ပြည့်လျှံ ဝင်လာသည်။

"စိုင်းစဝ် မင်းဝီလျှံရှိန်းကို ဆေးထည့်ဖို့မေပြာလိုက်ဘူးလား"

"ဘာကို "

"သူ့လက်မှာ ဒဏ်ရာရှိတယ် ဆေးရုံရောက်ထဲက ဆေးထည့်မယ်ပြောပေမယ့် မင်းသတိမရသေးလို့ သူဘာမှ မထည့်သေးဘူး ပြီးတော့ မင်းသတိမရသေးခင် ဆေးရုံမှာ ပြဿနာ ဖြစ်သွားသေးတယ်"

"ဟင်...ဘာတွေဖြစ်သွားတာလဲ"

"မင်းသတိမေ့နေတုန်း ရဲတွေ ရောက်လာတယ်လေ ဝီလျှံရှိန်းကို ရဲစခန်းကို ခေါ်တယ် ဝီလျှံရှိန်းကမလိုက်ဘူးကွာ မင်းသဆိရရငါ လာမယ်ပြောတယ် ၊ အဲ့ဒါကို ဟို ကောင်မလေးရဲ့ မိဘတွေက မင်းတို့က သူ့သမီးကို ဒုက္ခ ပေးတဲ့သူနဲ့ တစ်ဖွဲ့ထဲဖြစ်လို့မလိုက်တာပေါ့လို့ပြောတယ် အဲ့မှာ ဝီလျှံရှိန်ူက အေါက်ကွဲရော"

"သိလား စိုင်းစဝ်  ' ခင်များသမီးကို ကယ်လို့ ကျွန်တော်ကောင်လေး သတိတောင်မရသေးဘူး ၊ ခင်များတို့ ကျေးဇူးမတင်တတ်ရင်တောင် မစော်ကားနဲ့ ၊ခင်များတို့အတွက်သူက ဘာမှ မဟုတ်ပေမယ့် ကျွန်တော့် အတွက် သူက ဘယ်လောက်အရေးပါလဲ သိလား ခင်များတို့ သမီးကဘဲ အရေးပါတာမဟုတ်ဘူး ကျွန်တော်အတွက် သူဘယ်လောက်အရေးပါလဲ ခင်များတို့ မသိဘူး ထွက်သွား ခင်များတို့ကို ဆေးရုံမှာလဲ မမြင်ချင်ဘူး ကျုပ်ကောင်လေးနိုးလာမှ ခင်များတို့နဲ့ စာရင်းရှင်းမယ်' အဲ့လိုပြောတာသိလား ဝီလျှံရှိန်းက ဒေါသတကြီးနဲ့ပြန်ပြောတာ"

Find Love Because Of you (Complete)حيث تعيش القصص. اكتشف الآن