"ရတယ် ခနစောင့် ငါပြီးပြီ "

"စိုင်းစဝ် သူက ဘယ်သူလဲ "

သန့်သူရကိုမှ မေးလာသည်။

"အော်သူရ သူက ထွဋ်ခေါင်ပြည့်လျှံတဲ့ ငါ့ရဲ့ မွေးရပ်မြေက သူငယ်ချင်း ၊ ပြည့်လျှံ သူက သန့်သူရကိုတဲ့ ငါ့သူငယ်ချင်း"

"တွေ့ရတာ ဝမ်းသားပါတယ်"

"တွေ့ရတာ ဝမ်းသာပါတယ် စိုင်းစဝ် ငါလဲ လိုက်ခဲ့မယ်နော် ရလား"

"ရပါတယ် သွားမယ်လေ ဒီနားက coffee ဆိုင်ဘဲ သွားကြမယ်"

"ကောင်းတယ် သွားမယ်"

စိုင်းစဝ်တို့ အနားက coffee ဆိုင်ကို သွားကြသည် ။

"စိုင်းစဝ် မင်းရဲ့ ကောင်လေးကို တောင်းပန်ချင်လို့ "

"ဒီမှာ မင်းမပြောနဲ့ သူတောင် ‌မတောင်းပန်ရသေးဘူး ပြဿနာဖြစ်တဲ့နေ့ထဲက အိမ်ပြန်မလယတယ တစ်ပတ်ရှိနေပြီတဲ့"

ပြည့်လျှံ၏ အပြောကို သန့်သူရမှ ဝင်ပြောသည်။

"ဟင် စိုင်းစဝ် မင်းက သူနဲ့ တစ်အိမ်ထဲ နေတာလား"

"ဟုတ်တယ် မကြာသေးပါဘူး တစ်လလောက်ဘဲ ရှိသေးတာ"

"အော် ...."

"ပြည့်လျှံ လျှောက်တွေးမနေနဲ့ သူပြောင်းလာတာ တစ်လလောက်မှာ တစ်ပတ်က အိမ်ပြန်တယ် ငါတို့အိမ်မှာတောင် သိပ်မနေပါဘူး"

စိုင်းစဝ် သူတို့နှစ်ယောက်၏ အကြည့်ကို သိနေ၍ အမြန်ရှင်းပြလိုက်သည်။

"အဲ့ဆို အတော်ဘဲပေါ့ ငါလိုက်ခဲ့မယ်လေ ပြီးတော့ ငါတောင်းပန်ချင်လို့"

"ရတယ် ငါဘဲ ပြောလိုက်မယ် သူဘယ်အချိန်ပြန်လာမယ် မသိသေးလို့"

"အဲ့ဆိုလဲ ဟုတ်ပါပြီ ငါ့ကိုတော့ ပြန်ပြောပေးအုံး"

"အွန်း သူရ နောက်လလောက်နေရင် ကျောင်းက trip ပို့ပေးမှာ လိုက်မှာလား"

"လိုက်ဖြစ်မယ် စိုင်းစဝ်ရ ငါတို့ နောက်ဆုံးနှစ်ဆိုတော့ သွားရအောင်"

"အေ ငါလဲ လိုက်ရမလားလို့"

"စိုင်းစဝ် "

"ဟင် ပြည့်လျှံ ပြောလေ"

Find Love Because Of you (Complete)Where stories live. Discover now