Part (10) uni+zaw

Start from the beginning
                                    

"မဟုတ် ဝီလျှံရှိန်း"

စိုင်းစဝ်ကို ပြောပြီးသည်နှင့် ဝီလျှံရှိန်းက ထွက်သွား‌သည်။

"ငါက သူ့ကို တောင်းပန်မလို့ကို အပြစ်ဘဲ ထပ်လုပ်မိသွားတယ်"

*************

ဝီလျှံရှိန်း စိုင်းစဝ်နဲ့ ပြဿနာဖြစ်ပြီး တစ်ပတ်မထိ ကျောင်းသို့ မလာခဲ့ပါ။ ဝီလျှံရှိန်းသည် သာမန်ကျောင်းသား၊ W group၏ ဆက်ခံသူ တစ်ဦးအဖြစ် လူအများက သိထားကြသည်။ သို့သော်ဝီလျှံရှိန်းသည် နောက်ထပ်လုပ်ငန်း တစ်ခုအား ဦးစီးနေသူဖြစ်သည်။ ဝီလျှံရှိန်းသည် ငယ်စဉ်ကပင် ဂိမ်းဆော့ရသည်ကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ ဝီလျှံရှိန်းသည် Game ကုမ္ပဏီတစ်ခုတွင် ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်သည်။

အေးဆေးနေထိုင်သည်ဆိုသည်ထက် ပေါင်းသင်းဆက်ဆံရေးတွင် ညံ့သည်ဟု ဆိုရအောင်ပင် ကျွန်တော်ထံတွင် သူငယ်ချင်းမရှိပါ။ မှတ်မှတ်ရရထိုနေ့တွင် ကျွန်တော် အိမ်နှင့် စကားများလာခဲ့သည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်စွာ သွားနေသည့် ကောင်လကို တွေ့လိုက်ရသည်။

သူတစ်ယောက်ထဲ mini mart တစ်ခုစီမှာ ပေါင်မုန်ြအများကြီးကို ဝယ်သွားခဲ့၍ သူ၏နောက်သို့ ကျွန်တော်လိုက်လာသည်။ လမ်းအနည်းငယ် လျှောက်ပြီးသည့်အခါတွင် ရေကန်ပြင်ကြီး တစ်ခုဆီသို့ ရောက်သွားသည်။

ဝယ်လာသည့် ပေါင်မုန့်ထုတ်များကို ငါးများအားကျွေးနေသည်ကို တွေ့လိုက်ရသည်။ သူရယ်မောပျော်ရွှင်နေသည်ကို ကြည့်ရသည်မှာ ကျွန်တော့်၏ စိတ်ညစ်မှုများကို ပျောက်သွားစေသည်။

နောက်ဆစ်ရက်တွင် ကျွန်တော်သူ့အား တိုက်ဆိုင်စွာဖွင့် ကျောင်းတွင်ပြန်တွေ့သည်။ ကျောင်းတွင်လဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူငယ်ချင်းဖြစ်သူ သန့်သူရကို နှင့်သာရှိနေတတ်သည်။ ကျွန်တော်သူအား စိတ်ဝင်စားမိ၍ ‌အနောက်က အမြဲလိုက်ကြည့်နေမိသည်။ သူ့အပေါ် ထားရှိသည့် ခံစားချက်များကို နားလည်လာတော့ လက်မခံနိုင်စွာ ရှောင်ပြေးမိသေးသည်။

ရည်းစားများစွာကို ထားကာ မေ့ပျောက်အောင်ကြိုးစားသော်လည်း ပို၍ပင် စွဲလမ်းလာသည်။ အရင်အချိန်မှ ရင်းနှီး၍ အကြောင်းစုံကို သိနေသည့် နှင်းပိုးကုဋေ ကိုတိုင်ပင်ကာ သူ့အား ကျွန်တော့်၏ အနားတွင် အပိုင်ခေါ်ထားချင်၍ ကြိုးစားခဲ့သည်။

Find Love Because Of you (Complete)Where stories live. Discover now