၁၁၇ / ၁၁၈ / ၁၁၉ / ၁၂၀

Começar do início
                                    

ယခု အကြိမ်ပေါင်းများစွာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။

တတ်နိုင်ရင် အကျိုးဆက်တွေကို ဂရုမစိုက်ဘဲ သူ့ကိုအတင်းအကြပ်လုပ်မည်။ ဒါပေမယ့် ကောင်လေးက မလိုလားဘူးဆိုတာ သူသိသည်။

နောက်ဆုံးမှာတော့ သူကမိန်းမစိုးတစ်ယောက်ပဲလေ။ တစ်ချိန်က သူလည်း ယောက်ျားဖြစ်ခဲ့သည်။ တခြားယောက်ျားနဲ့ လိင်ဆက်ဆံတာကို သူဘယ်လိုလက်ခံနိုင်မလဲ။

အဲ့တာက မဖြစ်နိုင်ဘူး။

ဒါကြောင့် သူ့ကို အတင်းအကြပ်လုပ်မှာ မဟုတ်ဘူး။

အဘယ်ကြောင့်ဆိုသော် သူသာလုပ်လိုက်ရင် လဲ့ယောင်းယောင်းက သူ့ကိုမုန်းလိမ့်မည်။ အဲဒါက လန်ဂျင်းယွိ မလိုချင်တဲ့ နောက်ဆုံးအရာပဲ။

ဒါကြောင့် သူ့လိင်ဆန္ဒကို နှိမ့်ချနေတာ ကြာပြီ ဖြစ်သည်။

လက်ရှိအချိန်မှာတော့ လန်ဂျင်းယွိက သူ့အတွင်းက မကောင်းဆိုးဝါးမီးတွေကို နှိမ်နင်းဖို့ သူ့ရဲ့ စိတ်ဓာတ်ခွန်အားကို အသုံးချဖို့ ကြိုးစားနေသည်။ ဒါပေမယ့် ဒီကောင်လေးက သိပ်စိတ်မငြိမ်ပေ။

သူမလှုပ်ဖို့ သတိပေးထားပြီးသား။ ဒါပေမယ့် လဲ့ယောင်းယောင်းက ပိုလူးလွန့်လေလေ သူနိုးထလေလေပဲ။

လဲ့ယောင်းယောင်းသည် နာခံမှုမရှိသော ကြွက်ကလေးနှင့်တူသည်။ သူ့တစ်ကိုယ်လုံး မွှေးပျံ့နေသည်။ သူ့ခန္ဓာကိုယ်က သေးသေးလေးနဲ့ သူ့မျက်နှာက ချစ်စရာကောင်းပြီး သနားစရာကောင်းသည်။ သူ့ကိုမြင်ဖူးသူတိုင်း ရင်တထိတ်ထိတ်နဲ့ မျိုချချင်ကြလိမ့်မယ်...

"ဒီမင်းသားက..... မင်းကို လိုချင်တယ်။"

လဲ့ယောင်းယောင်းသည် ကောင်းကင်ကြီး လှည့်ပတ်သွားသည်ကို ခံစားလိုက်ရသည်။ ယခု၊ ငရဲမင်းသည် သူမအပေါ်တွင် ရှိနေသည်။

"မရဘူး...."

သို့သော် သူမ၏ စကားလုံးများ အားလုံးကို ပါးလွှာသော နှုတ်ခမ်းတစ်စုံက ဝါးမျိုသွားခဲ့သည်။

အနမ်းသည် ပြင်းထန်သော မိုးသက်မုန်တိုင်းနှင့် ဆင်တူသည်။ သူ့လျှာက သူမကို အရသာခံရင်း ပါးစပ်ထဲကို အတင်းတိုးဝင်လာသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Onde as histórias ganham vida. Descobre agora