ဂယူဗင်းသည်ပထမဆုံးအလုပ်ဝင်တဲ့နေမှာတင်ဂယက်တွေထခဲ့ပြီးပြာတိပြာယာလေးဖြစ်နေပေမဲ့တစ်ဌာနလုံးကသူ့ကိုအငယ်ဆုံးလေးလည်းဖြစ်ပြီးသူ့ရဲ့အကျင့်စရိုက်လေးတွေကချစ်ဖို့
ကောင်းနေသဖြင့်ဝိုင်းအုံချစ်ကြသည်။ဤသို့ဖြင့်ဂယူဗင်းမှာတစ်ရက်ထဲနဲ့ပင်တစ်ဌာနလုံးရဲ့ဝိုင်းအုံချစ်လေးဖြစ်လာသည်။စီနီယာမမတွေဆိုဂယူဗင်းကိုဂယူဗင်လေး ဂယူဗင်းလေးနဲ့ဖူးဖူးမှုတ်ကြသည်။ဒါတွေကိုကြားနေရတဲ့ရှန်းချွမ်ရွေ့မှာတော့မပျော်နိုင်တော့ပါ။မျက်မှောင်ကြီးကြုတ်ပြီးတစ်နေကုန်ဝန်ထမ်းတွေကိုရစ်လေတော့သည်။ချွမ်ရွေ့ရဲ့အခြေအနေမှာတော့မနက်တုန်းကနဲ့တခြားစီဖြစ်လို့နေသည်။

ညနေရောက်တော့ဂျောင်ချန်းမင်းကဝန်ထမ်းတွေကိုဦးဆောင်လူစုကာစားသောက်ဆိုင်ကို
ချီတက်ကြလေသည်။တစ်ဌာနလုံးဝန်ထမ်းတွေက၅၀နီးပါးလောက်ရှိတာမို့စားသောက်ဆိုင်မှာသူတို့လူတွေနဲ့ပြည့်သွားသည်။ခုံအရှည်ကြီးတွေကိုဆက်ကာထိုင်ကြရင်းဘေးဘက်တွေမှာ
လည်းဝိုင်းတွေဖွဲ့ထိုင်ကြသည်။ဂယူဗင်းကချွမ်ရွေ့ရဲ့မျက်စောင်းထိုးမနီးမဝေးနေရာလေးမှာ
ဖြစ်သည်။ချွမ်ရွေ့သည်ဂယူဗင်းအားခိုးကြည့်လို့ရတဲ့အနေအထားလေးမှာမို့ကြိတ်ပျော်မိသည်။ဂယူဗင်းဘေးမှာဝိုင်းထိုင်နေတဲ့နှုတ်ခမ်းနီရဲရဲတွေနဲ့ဝန်ထမ်းမလေးတွေကိုတော့ကြည့်မရတော့ပါ။အရင်ကတော့သူတို့ပဲချွမ်ရွေ့ကိုသည်းသည်းလှုပ်ကြပြီးအခုကျမှ။အရင်ကသူတို့ပြောသည်ကငါတို့ဌာနမှာမင်းသားလေးကရှန်းချွမ်ရွေ့ပဲတဲ့အခုတော့ကင်မ်ဂယူဗင်းဆိုတဲ့
မင်းသားလေးပါရှိလာပြီ။အခုလိုဖြစ်လို့ဂယူဗင်းကိုမကျေမနပ်ဖြစ်မိတာတော့မဟုတ်ဘဲ
ကောင်မလေးတွေဝိုင်းရံနေတာကြီးကိုသဝန်တိုမိပါသည်။
'အခုလည်းကြည့်ပြောရင်း အသားကင်တွေအတင်းလိုက်ခွံ့နေကြတယ် ဟာ့အရက်တွေပါငဲ့
တိုက်နေပြီငါ့ကလေးလေးကို'
"ဂယူဗင်းတော်တော့မသောက်နိုင်ရင်မသောက်နဲ့တော့"
သူဒီလိုပြောလိုက်တော့အကုန်လုံးကဝိုင်းအုံကြည့်လာသည်။သူတို့ဌာနမှူးလူစားများလဲခံရလားမသိ။လူတွေနဲ့သိပ်ရင်းရင်းနှီးနှီးမနေတဲ့ရေခဲမင်းသားလေးကတစ်ယောက်ယောက်ကိုဒီလိုဂရုစိုက်တဲ့စကားထွက်လာတော့အကုန်လုံးကပါးစပ်အဟောင်းသားဖြစ်နေကြသည်။
"ဟဲ့ဟဲ့ ကောင်မငါ့ကိုဆိတ်ကြည့်စမ်း အိမ်မက်မက်နေတာလားလို့"
"အားးး အိမ်မက်မဟုတ်ဘူး အတည်ကြီး"
ဂယူဗင်းသည်လည်းမူးဝေနေပေမဲ့အခုလိုအာရုံစိုက်ခံရမှုကြီးကိုမနေတတ်ဖြစ်မိစွာအရှေ့မှစားပွဲဝိုင်းကိုကျော်ကာချွမ်ရွေ့ပေါ်သို့အန်ချပါတော့သည်။
"အာ ကျွန်တော်တောင်းပန်ပါတယ် ဌာနမှူးရှန် ကျွန်တော်မရည်ရွယ်ပါဘူး"
မျက်လုံးတောင်မပွင့်တော့တဲ့အမူးသမားလေးကိုချွမ်ရွေ့အပြစ်မမြင်မိပါ။အဲ့ဒီ့အစားဂယူဗင်းကိုဘေးကနေမရပ်မနားတစ်ခွက်ပြီးတစ်ခွက်ငဲ့ပေးတဲ့ဝန်ထမ်းမတွေကိုသာဒေါသဖြစ်မိသည်။
"ရတယ် ရတယ် ဂယူဗင်း ထပြီးကိုယ့်ပုခုံးကိုကိုင် toiletသွားပြီးသန့်စင်ရအောင်"
ပွဲကြည့်ပရိသတ်ဝန်ထမ်းတွေကတော့အသန့်ကြိုက်တဲ့ကိုယ်တော်ချောကဂယူဗင်းသူ့အပေါ်
အန်ချတာကိုဘာမှမပြောဘဲတွဲသွားပေးတာကိုကြည့်ရင်းတအံ့တဩတွေဖြစ်ကာအမူးတွေပါပြေကုန်ကြသည်။သူတို့၏ကိုယ်တော်ချောကတော့ပါပီပေါက်ကိုတွဲကာtoiletသို့သွားလေပြီ။

ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွန်တော့်ကိုချစ်တယ်တဲ့Where stories live. Discover now