ထမင်းစားဝိုင်းထဲမှ ထထွက်သွားသော မေ့ကိုကြည့်ရင်း ရင်ထဲအမျိုးအမည်မသိ ခံစားချက်တို့ဝင်ရောက်လာသည် ။ ဝဲတက်လာသည့် မျက်ရည်တို့ဟာ စီးကျလာကာ အလျင်အမြန်သုတ်မိတော့သည် ။ ကျွန်တော်သိပ်ကို တစ်ကိုယ်ကောင်းဆန်သွား ခဲ့ပြီထင်သည် ။

အိမ်ထဲမှ ထွက်လာကာ ကားပေါ်သို့အလျင်အမြန်တက်လိုက်သည် ။ ကားထဲရောက်သည်နှင့် မျက်ရည်တို့ကို စိတ်ကြိုက်စီးကျခွင့် ပေးလိုက်တော့သည် ။ ကိုယ်သိပ်ကိုတန်ဖိုးထားသည့် အရာတစ်ခုကို ဆုံးရှုံးရတော့မယောင် ရှိုက်သံပါထွက်သည်အထိ ငိုနေမိတော့သည် ။

" ဘယ်လိုလုပ် သူ့ကိုချစ်မိသွားရတာလဲ ။ အတန်တန်တားနေသည့်ကြားက ဘာလို့များ ချစ်မိသွားရတာလဲ "

ကားစီယာတိုင်ကို ထုရိုက်ကာ ရှိုက်သံများဖြင့် စကားသံတို့ဟာ  ပလုံးပထွေး ။
အတန်ကြာ ရွေ့လျားခြင်းမရှိသေးသည့် ကားလေးကို ပြတင်းပေါက်မှ တစ်ဆင့်မြင်နေရကာ မျက်ရည်တို့ တစ်ဖန်စီးကျလာခဲ့ပြန်သည် ။
မေ အရမ်းနာကျင်သွားဟန်ရသည် ။ မေဒေါသတို့ ထွက်နေမလား ။ သို့မဟုတ်  မေ မျက်ရည်တို့ကျနေမလား ။

                  *****************

" ကျွန်မတို့က ဒီလို မျက်နှာချင်းဆိုင် ထိုင်ရလောက်တဲ့အထိ ရင်းနှီး မနေဘူးထင်တယ် ။ "

မျက်နှာချင်းဆိုင်က အမျိုးသမီး၏ ဟန်ပါပါဖြင့် ခြေချိတ်ထိုင်နေပုံဟာ သိပ်ကိုစွဲဆောင်မှုရှိသည်ဟု ဆိုနိုင်သည် ။ လှသည်ဆိုတဲ့ စကားလုံးကို ထိုအမျိုးသမီးတစ်ဦးတည်းသာ သိမ်းပိုက်နိုင်သည်အထိ ဒီအမျိုးသမီးဟာ သိပ်ကို လှပသည် ။ စူးရှသည့် မျက်ဝန်းအကြည့်တို့ဂာလဲ တစ်ဖက်လူကို ဖမ်းစားလွန်းသည် ။

" တို့လဲ မင်းနဲ့ မရင်းနှီးချင်ပါဘူး "

ခက်ထန်သည့်လေသံဟာ ထိုအမျိုးသမီးပုံစံနှင့် ကြားရသူအဖို့ တစ်မျိုးစွဲဆောင်မှု‌ရှိနေပြန်သည် ။

" ကျွန်မကိုဆက်သွယ်လာတာ ဘာကိစ္စလဲ "

ပင်ပန်းမှုဒဏ်ကြောင့် အိပ်ပျော်ဆဲဆဲအချိန်တွင် ဝင်လာသည့် ဖုန်းသံဟာ ဒေါသတို့ကိုနှိုးဆွလိုက်လေသည် ။ တစ်ဖန် တစ်ဖက်လူဟာ ကိုယ်မနှစ်မြို့သူ ဖြစ်နေတာကြောင့် ခပ်မာမာဆက်ဆံမိလေသည် ။

A Desire(ဆန္ဒတစ်ခု)Where stories live. Discover now