ခပ်အုံ့အုံ့ဖြစ်နေသည့် ရာသီဥတုဟာ အနည်းငယ်ထိုင်းမှိုင်းသော်လည်း နေထိုင်ရသည်အတွက်တော့ သင့်တော်လှသည် ။
မပူလွန်းမအေးလွန်းသည့် ဒီနေ့လိုရာသီဥတုလေးကို သိပ်ကိုသဘောကျမိသည် ။
မနက်ခင်းကတည်းက တက်ကြွနေသည့် စိတ်တို့ဟာ ဘဝတွင် ပထမဆုံး အကြိမ်သာဖြစ်မည် ။
ဘာကြောင့်မှန်းမသိ ခြေလှမ်းတို့ဟာလဲ တက်ကြွနေသေးသည် ။" အစ်မ! "
တိုက်ရှေ့တွင် ရပ်စောင့်နေသည့် အစ်မကို တွေ့လိုက်ရတော့ အနည်းငယ်အံ့ဩမိသည် ။
တဆက်တည်း ညကအဖြစ်အပျက်တချို့ကို ပြန်မြင်ယောင်မိတော့ မျက်နှာပူမိသည် ။" ကျောင်းသွားမလို့လား "
" ဟုတ် "
" လိုက်ပို့ပေးမယ် "
" ရပါတယ် ၊ ကျွန်တော့ဘာသာ .."
စိုက်ကြည့်ခံလိုက်ရသည့် အကြည့်တို့ကြောင့် စကားလုံးတို့ ထပ်ထွက်မလာတော့သလို ခေါင်းကိုငုံ့လျှိုးလိုက်တော့သည် ။
" ကားပေါ်တက် "
မငြင်းဆန်နိုင်သည့် အခြေအနေတို့ကို လိုက်လျောဖို့ကလွဲရင် ဘာများတတ်နိုင်မည်နည်း ။
တကယ်ဘဲ မငြင်းဆန်နိုင်သည့်အခြေအနေလား ၊ ကိုယ်တိုင်ကဘဲ မငြင်းဆန်နိုင်ခဲ့သည်လား ။
သေချာတာတစ်ခုကတော့ အစ်မအနားရှိနေရရင် ပျော်ရွှင်ရသလို လုံခြုံတယ်လို့ ခံစားရသည် ။" ညက ."
" ဘာဖြစ်လို့လဲ "
စရုံရှိသေး ခပ်တိုးတိုးလေသံလေးဟာ စိုးရိမ်မှုအပြည့်ဖြင့် ဖြတ်ပြောလာသည်ကြောင့် ပြောထွက်မဲ့စကားတို့တောင် တစ်ဆို့သွားရသည် ။
" ဟားဟား... တိမ်လွှာရယ် ဘာတွေဒီလောက်များ ကြောက်နေရတာလဲ ။ ညက ကောင်းကောင်းအိပ်ပျော်ရဲ့လားလို့ မေးမလို့ပါ ၊
ညက အစ်မက အနှောင့်အယှက်ပေးမိထားတာဆိုတော့ "" ဟုတ် ၊ ကောင်းကောင်အိပ်ပျော်ပါတယ် "
မျက်လုံးဝိုင်းဝိုင်းလေးကို စွဲလန်းနေမိသလို ၊
ခပ်တိုးတိုးအသံလေးကိုလဲ စွဲမက်နေမိသည် ။
မပွင့်တပွင့်စကားပြောပုံလေးဟာ စတွေ့ကတည်းက ဆွဲဆောင်ထားခြင်း ဖြစ်သည်မဟုတ်လား ။