နောက်အကြောင်းရင်းကတော့ သူမမှာပိုက်ဆံသိပ်မရှိလို့ပါပဲ။ လတိုင်း သူမမှာကျောင်းသားချေးငွေတွေပြန်ဆပ်ရပြီး ဘွဲ့ရပြီးခါစဖြစ်၍ လစာကနိမ့်သည်။ နေထိုင်ဖို့လည်းနေရာငှားရမ်းရသေးတာကြောင့် ပိုက်ဆံသိပ်မစုမိပေ။

မူလကတော့ သူမရဲ့အနာဂတ်အပန်းဖြေခရီးစဉ်ကို ကျေးလက်ဖက်သွားလည်ဖို့ ကြံရွယ်ထားခဲ့ပေမဲ့ ထိုသို့လုပ်ရန်အခွင့်အရေးမရှိခင်မှာပဲ အချိန်ခရီးသွားလာခဲ့မယ်လို့ မထင်ထားခဲ့ပေ။ အနာဂတ်အတွက် သူမစောင့်ကြည့်ဖို့ပဲ တတ်နိုင်သည်။

လောလောဆယ်မှာတော့ ဒီအသီးပင်သုံးပင်သည် ပထမနှစ်အတွက် အသီးသီးထားသည်။ သူမကစမ်းရေနဲ့ရေလောင်းပေးခဲ့တာကြောင့်ဖြစ်မည် အသီးတွေအတော်များများဖြစ်ထွန်းခဲ့သည်။ သူမအားလုံးကိုခူးဆွတ်ပြီး သေသေချာချာလေးသိမ်းဆည်းထားသည်။ ထိုအသီးတွေကိုခုထိုစားမကုန်သေးတာကြောင့် ကောက်ပဲသီးနှံတွေဘေးမှာ သေသေသပ်သပ်လေးစီရီထားသည်။

တစ်ခု‌တည်းသောနှမြောစရာကတော့ နေရာလွတ်ကသက်ရှိတွေ ထိန်းသိမ်းထားလို့မရတာပဲ။ မဟုတ်ရင် နောက်ဆိုသူမအသားနဲ့ဥတွေအတွက် ပူစရာမလိုတော့စေရန် ကြက်နဲ့ဘဲနည်းနည်းပါးပါး ဝယ်ထည့်ထားခဲ့မှာပဲ။ အဝေးကိုတွေးလွန်းနေတာပဲ တကယ်တော့ သူမမှာရှိနေပြီးသားအရာက လုံလောက်အောင်ကောင်းနေပါပြီ။ ဘာထပ်လိုသေးလဲ?

ထို့ကြောင့် လောလောဆယ်တွင် ဒီအရာတွေအပြင် နေရာလွတ်ထဲမှာတခြားဘာမှမရှိတော့ပေ။ လုရှစိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ ကံကောင်းစွာနဲ့ သူမအတွက်တစ်ခုခုကျန်ပါသေးသည်။

ဒီအရာတွေအပြင် နေရာလွတ်ထဲကဘေးဖက်ခြမ်းမှာ အိမ်သေးသေးလေးတစ်လုံးသာရှိသည်။ အိမ်လေးကမကြီးမားပဲ အိမ်တစ်လုံးလို့သတ်မှတ်ဖို့တောင် မဖြစ်နိုင်လောက်တဲ့အထိပင်။ ထိုအိမ်ကသူမထက်ပင်ပုပြီး အလျား၊ အနံ၊ အမြင့်မှာ၁.၅မီတာအတိုင်းအတာရှိတဲ့ ကုဗတုံးပုံသဏ္ဍာန်နဲ့တူသည်။ ဒါပေမဲ့ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ အတော်လေးထူးခြားပြောင်မြောက်သည်။

သူမအဲ့ဒါကိုစောစီးစွာရှာဖွေတွေ့ရှိခဲ့သည်။ ဒီအိမ်သေးသေးလေးသည် လူတွေဝင်လို့မရသလို အထဲမှာပစ္စည်းတွေထားလို့မရပေ။ ကောက်ပဲသီးနှံအစေ့အဆံတွေကို အခွံခွာကြိတ်ချေဖို့ပဲ အသုံးဝင်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Onde histórias criam vida. Descubra agora