"စီးတာပေါ့ လျှံက ဘေးကနေလိုက်စီး"

ထွဋ်ခေါင်က သူ၏ကောင်လေးကို  ပြောနေသည်။စိုင်းစဝ် ဝီလျှံရှိန်းအား ကြည့်လိုက်သည်။

"သွားမယ် အချစ် ကိုယ့်နောက်လိုက်ခဲ့"

ကျွန်တော်ဘာမှ မပြောရသေးခင် ဝီလျှံရှိန်းက ကျွန်တော့်၏ လက်အားဆွဲခေါ်သွားသည်။

"အချစ် ကိုယ့်ကို သေချာကိုင်ထား ကိုယ်သူတို့ကို တိုက်ပေးမယ်"

"မင်းအရမ်းမလုပ်နနဲ့နော် "

"စိတ်ချပါ အချစ်ကြိုက်သွားလိမ့်မယ်"

အချိန်စမှတ်သည်မှ စ၍ ဝီလျှံရှိန်းသည် ထွဋ်ခေါင်တို့ အတွဲ၏ ကားကို လိုက်တိုက်သည်။ တစ်ဖက်မှလဲ ရှောင်ပြေးမသွားဘဲ မျက်နှာချင်းဆိုင် ပြန်တိုက်သဖြင့် အလွန်ပျော်စရာကောင်းသည်။

စိုင်းစဝ်တို့ တစ်ဖက်ကားကို အနောက်မှ ဝင်တိုက်လိုက်၊ အရှေ့ဘက်မှ ဝင်တိုက်လိုက်နှင့် အလွန်ပင် ပျော်စရာကောင်းပါသည်။ စိုင်းစဝ်တို့ သတ်မှတ်ချိန်ပြည့်သွားသည်ထက်ပိုကာ စီးခဲ့ကြသည်။

"ထွဋ်ခေါင် ညနေစောင်းနေပြီ ပြန်ကြရအောင်"

"‌ခဏ ငါဟိုဘက်က ဘောလုံးပစ်တာနဲ့ အရုပ်ကောက်တာ ဆော့အုံးမယ် လာပါ "

စိုင်းစဝ် ဘောလုံးပစ်သော်လည်း တစ်လုံးမှ မထိပေ

"အစ်ကို ကျွန်တော့်ကို အရုပ်လေးကောက်ပေးနော် အဲ့အရုပ်လေး ကျွန်တော်ရချင်လို့"

ထွဋ်ခေါင်က အရုပ်ကောက်စက်ထဲတွင် ရှိနေသည့် ယုန်သေးသေးလေးမှ မုန့်လာဉစားနေဟန်ရှိနေသည့် အရုပ်လေးကို လက်ညှိုးဖြင့် ထိုးပြသည်။ထွဋ်ခေါင်ရချင်သည့် အရုပ်လေးသည် အလွန်ပင်ချစ်စရာကောင်းသည်။

"အဲ့အရုပ်ရချင်လို့လား"

"ဟင် မဟုတ်ပါဘူး"

စိုင်းစဝ် ငေးကြည့်နေသည်ကို မြင်၍ ဝီလျှံရှိန်းမှ မေးဟန်တူသည်။

"အဲ့ဆို မငေးနဲ့ လိုချင်ရင် ဝယ်ပေးမယ် "

စိုင်းစဝ် ဝီလျှံရှိန်းအား မျက်စောင်းဖြင့်ကြည့်လိုက်သည်။ ဝီလျှံရှိန်း အခြားဘက်သို့ ထွက်သွားသည်။ ငါးမိနစ် အကြာတွင်ပြန်ရောက်လာသည်။ လက်ထဲတွင်လဲ အထုပ်တစ်ထုပ်ပါလာသည်။

Find Love Because Of you (Complete)Where stories live. Discover now