နန်းတော်၏ စားဖိုဆောင်တွင် အလုပ်သမားများမှာအလုပ်တွေရှုပ်နေကြသည်။နန်းတော်တခုလုံးမှာအလုပ်အများဆုံး နေရာကိုပြောလျှင်နန်းတွင်းစားဖိုဆောင်ပင်။မင်းမျိုးမင်းနွယ်တွေအတွက် ဟင်းပေါင်းရာချီကိုမနားတမ်းချက်ပေးရသည်။ဟင်းတွေအပြင်အချိုသုံးဆောင်ဖို့တွေကိုလည်းပြင်ဆင်ပေးရသည်။ဒါတောင် အိမ်ရှေ့စံကသူ့ကိုယ်ပိုင်စားဖိုဆောင်ထားလို့သက်သာတာမဟုတ်ရင် အိမ်ရှေ့စံနဲ ထိပ်တိုက်ရင်ဆိုင်ရသည့်အလုပ်ကလုပ်ရပေအုန်းမည်။
ထိုစားဖိုဆောင်မှာအလုပ်လုပ်သည့်မာဟိကတော့တနေ့နေ့မနားတမ်းအလုပ်တွေလုပ်နေရသည်ကြောင့် သူ့ကိုဒီထဲထည့်လိုက်သည့်ဇောင်းရှားကိုရင်ထဲကနေကြိတ်ကျိန်ဆဲနေမိသည်။တခါတရံလည်းထထဆဲသည်ကြောင့်မနည်းပြန်ထိန်းရလေသည်။ အခုလည်းကြက်သွန်နီတွေကိုလှီးဖို့ခြင်းလိုက်ကြီးလာချပေးသွားသည်။အမြင်ကပ်နေသည့်သူတွေကလည်း မာဟိထိုသို့လုပ်ရသည်ကြောင့်ကြိတ်လှောင်နေကြသည်။
မာဟိတယောက်အဖိုးဆီကသင်လာသည့်ဓားပညာကိုအခုလိုကြက်သွန်လှီးရာမှာသုံးရမည်လို့မထင်ပေ။အဲ့သည်ထက် ကြက်သွန်လှီးရမည်ဆိုသည့်အကြောင်းကိုတခါမှမတွေးခဲ့ဖူးပေ။ ကြက်သွန်ကိုလည်းလှီး၊မကျေနပ်မှုတွေကြောင့်လည်းလူကစိတ်တို၊မျက်လုံးတွေကလည်းစပ်ဖြန်းဖြန်းနှင့် မာဟိမှာစိတ်တွေပျက်သုန်းလာခဲ့သည်။ ဖြစ်နိုင်လျှင်အခုချက်ချင်းနန်းတော်ထဲကနေထွက်ပြေးလာခဲ့ပြီး သူခိုးအလုပ်ပဲပြန်လုပ်ချင်သည်။ သူခိုးလုပ်တာကမှငြိမ်းချမ်းသေးသည်။ကြက်သွန်ကိုလှီးရင်းလှီးရင်း မျက်လုံးတွေကစပ်လာလို့လက်ကအငြိမ်မနေပဲပွတ်လိုက်မိသည်။စဉ်းစားမှုမရှိပဲလုပ်လိုက်သည်ကြောင့် မျက်လုံးသည်လက်နဲ့ပွတ်ပြီးအပြီးမှာပို၍ စပ်ဖြန်းဖြန်းဖြစ်လာသည်။
"အယ်မလေးစပ်လိုက်တာ"
"ဟဲ့ဘယ်လိုဖြစ်တာတုန်း"
ဘေးနားတွင်ထိုင်ပြီးအတူတူ ကြက်သွန်လှီးပေးနေသည့်အဒေါ်ကြီးသည်ထ၍အော်တော့လေသည်။
"မျက်လုံးစပ်လို့လုပ်ပါအုန်းတော်"
"သွားသွားစားဖိုဆောင်အနောက်ဘက်မှာရေကန်ရှိတယ်သွားဆေးချည်"
ESTÁ A LER
အရှင်