အခန်း၈

37 4 2
                                    

နန်းတော်တွင် ကျွန်များသည် အလုပ်များရှုပ်နေကြ၍ခြေတိုအောင်လျှောက်နေကြရသည်။ နန်းတော်၏ပင်မခန်းဆောင်တွင်လည်းအဆောင်အယောင်များပြင်ဆင်နေကြသည့်ကျွန်များမှာလည်းမနည်း။ ထို့အပြင်နန်းတော်လာရာလမ်းကိုလည်းပြင်ဆင်နေကြသည့် ကျွန်များလည်းမနည်းချေ။ အကြောင်းမှာ ဘုရင်မင်းမြတ်၏ဒုတိယသားတော်၊မိဖုရားကြီးသားအကြီးဆုံးညောင်ပြင်မင်းမှာ တိုင်းတစ်ပါးမှာပညာသင်နေရာကနေ ပြန်လာခဲ့ခြင်းဖြစ်သောကြောင့်ဖြစ်သည်။

ညောင်ပြင်မင်းပြန်လာနေပြီဟုသတင်းကြားသည့်အခါ အတ္တပေမမှာဘာမှမအံ့သြချေ။ပုံမှန်အတိုင်း ဦးညောင် ပြောပြသည်ကိုခေါင်းညိတ်၍နားထောင်နေသည်။ မိမိလက်ထဲကပေလိပ်ကိုလည်းဖတ်မပြတ်ချေ။

"ပြန်လာပြီဆိုတော့ဂုဏ်ပြုပေးရမှာပေါ့။"

ထိုသို့သာပြောလိုက်သော်လည်းလူကတော့ပေလိပ်ကိုအဖတ်မပြတ်ချေ။

နန်းတော်အဝင်ဝတွင်နန်းမျိုးနန်းနွယ်များသည်စုစည်း၍ မင်းသားညောင်ပြင်မင်းကို ကြိုဆိုဖို့စောင့်လင့်နေကြသည်။ဘုရင်ကြီးနှင့်မိဖုရားကြီးအပါအဝင်ပေါ့။ မင်းသားငယ်တောင်ပြင်မင်းမှာလည်း မိမိ၏စာသင်ကြားချိန်ကိုဖျက်ရ၍ အကိုတော်ကိုထွက်ရောက်ကြိုဆိုရသည်။

နန်းတော်အဝတွင်အကုန်လုံးစောင့်ဆိုင်းနေခိုက် လူအုပ်ကြီးခြံရံလျက်အလည်တွင်တောင့်တင်းသန်မာလှသည့်မြင်းဖြူကြီးကိုစီးလာသူကို တွေ့တော့မိဖုရားကြီး၏မျက်နှာမှာပန်းလိုပွင့်လန်း၍ပြုံးရွှင်သွားသည်။
မြင်းပေါ်တွင်လိုက်၍စီးနင်းလာသူသည် နှုတ်ခမ်းတင်းတင်းစေ့ပြုံးထား၍မျက်နှာမှာမာန်အပြည့်ပေ။ မင်းသားဖြစ်သည်ကြောင့်ရုပ်ရည်ရူပကာမှာချောမောပေမဲ့ ဘယ်ဘက်မျက်လုံးကိုကန့်လန့်ဖြတ်ထားသည့်ဓားဒဏ်ရာကနေအကျည်းတန်လှသည်။ နက်မှောင်သည့်ဆံပင်တွေကိုထုံး၍ စီးနှောင်ထားသည့်အနှီမင်းသားမှာ မင်းသားကြီးညောင်ပြင်မင်းပင်ဖြစ်သည်။

မြင်းကိုဖြည်းဖြည်းချင်းမောင်းလာ၍ နန်းတော်အရှေ့ရောက်တော့ မြင်းပေါ်ကခုန်ဆင်းကာဖခင်ကိုဂါရဝပြုတော့ဖခင်မှာ ပင်ပန်းသွားပြီဖြစ်ကြောင်းပြောလေသည်။ထို့နောက် မိခင်မှာသား၏မျက်နှာကိုခပ်ဖွဖွကိုင်၍ထွေးဖက်ကာ သားဖြစ်သူကိုအလွမ်းသယ်နေခဲ့သည်။ထို့နောက်မှာ ညီဖြစ်သူဟာလည်းအကိုဖြစ်သူကိုဂါရဝပြုကာနှုတ်ဆက်လေသည်။ ညောင်ပြင်မင်းမှာမိမိကိုဂါရဝပြုသည့်ညီငယ်၏ခေါင်းကိုလက်ဖြင့်ခပ်ဖွဖွပုတ်ပေးလိုက်သည်။ထို့နောက်ဆွေတော်မျိုးတော်များကိုနှုတ်ဆက်ရင်းသူသည်တစုံတစ်ယောက်ကို ရှာနေလိုက်သည်။

အရှင် Where stories live. Discover now