အခန်း၄

40 7 0
                                    

"သားငယ်"

နူးညံ့လှသည့်အသံကြောင့် မြားပစ်လေ့ကျင့်နေသည့်မင်းသားငယ်မှာလှည့်၍ပင်ကြည့်လေသည်။ထိုမင်းသားငယ်၏မျက်နှာမှာဖြူစင်၍ အပြစ်ကင်းစင်ကာသိပ်ကိုနူးညံ့နေလေသည်။မျက်ဝန်းအောက်တွင်နေရာယူထားသည့်မှဲ့လေးကတော့ထိုမင်းသားငယ်၏နူးညံ့သည့်မျက်နှာကို ပြည့်စုံအောင်ဖန်တီးထားလေသည်။ အတ္တပေမမိခင်ဖြစ်သူကိုတွေ့သည့်အခါ လက်ထဲတွင်ကိုင်ထားသည့်လေးနဲ့မြားကိုပစ်ချ၍အမေ့ကိုနွေးထွေးစွာပြေးဖက်လေသည်။ ၁၂နှစ်အရွယ်ကလေးငယ်မှာမိခင်ရင်ခွင်ထဲတွင် နစ်အောင်ဝင်သွားလေသည်။ မိခင်ဖြစ်သူမှာလည်း သားဖြစ်သူကိုနွေးထွေးစွာပွေ့ဖက်ရင်း ဆံပင်လေးတွေကိုပွတ်သပ်ပေးလိုက်သည်။

"မယ်တော်...အပြီးပြန်လာတာမဟုတ်လား"

မျှော်လင့်ချက်အပြည့်ဖြင့်မော့ကာကြည့်၍ပြောလာသည့်အတ္တပေမကြောင့် မိခင်ဖြစ်သူ ဉဿဝေါမှာ မျက်နှာပင်ပျက်သွားလေသည်။ သူမှအပြီးပြန်လာတာမဟုတ်ပဲသားဖြစ်သူကိုတွေ့ချင်လို့ စာလွှာတွေနေ့တိုင်းပို့နေသည်ကြောင့် ဘုရင်ကြီးမှာတစ်ရက်တာလာခွင့်ပြုလိုက်ခြင်းဖြစ်သည်။တစ်ရက်တာပြီးဆုံးသွားရင် သူဟာသူ၏နေရာဖြစ်သည့်မြို့ပြင်ကအိမ်တော်သို့ပြန်ရမည်ဖြစ်သည်။
မျှော်လင့်ချက်ပြည့်ဝနေသည့်မျက်ဝန်းတွေကို ဉဿဝေါမရင်ဆိုင်ရဲချေ။သားဖြစ်သူ၏မျက်နှာကိုညင်သာစွာပွတ်သက်ရင်း ပါးပြင်တွင်ဖွတတလေးထိကိုင်ထား၍

"မယ်တော်ပြန်ရမှာသားငယ်.."

ထိုစကားကြောင့်ကလေးငယ်၏မျက်ဝန်းတွေသည်ပြန်လည် မှိုင်းကာကျသွားလေသည်။ဘာစကားသံမှပင်ထွက်မလာပဲ မိခင်၏ဗိုက်ပေါ်သာမျက်နှာအပ်ထားလေသည်။ ဉဿဝေါသည်သားကိုစိတ်မကောင်းစွာငုံ့ကြည့်နေမိသည်။ သားငယ်မှာမိခင်ကိုတင်းကြပ်နေအောင်ဖိထားရင်း ခနတာလောက်ငြိမ်နေမိသည်။ထို့နောက်ဖက်ထားသည်ကိုလွှတ်လိုက်၍မယ်​တော့်ကိုမော့ကြည့်လိုက်၍ အပြုံးသေးသေးလေးသာပြုံးလိုက်လေသည်။

"ကောင်းပါပြီမယ်တော်"

ထိုစကားကြောင့်ဉဿဝေါရင်ထဲနာကျင်မိသွားသည်။ သားသည်သိပ်ကိုရင့်ကျက်လေသည်။ဝမ်းနည်းမှုကိုမဖော်ပြတတ်။မဖော်ပြတတ်သည်ထက်ဖော်ပြရမှာကိုစိုးရိမ်နေလေသည်။သူသည်မိခင်ကိုဝမ်းမနည်းစေချင်သူအဆင်ပြေနေကြောင်းသိစေချင်သည်။

အရှင် Where stories live. Discover now