မိဖုရားကြီးမှာသားဖြစ်သူတောင်ပြင်မင်းကိုလက်မောင်းကနေတရွတ်တိုက်သာဆွဲခေါ်လာလေသည်။ သူမသည်အတ္တပေမကြောင့်ဒေါသထွက်နေလေသည်။ထို့ကြောင့် သားဖြစ်သူ၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်ကြောင့်တောင်ပြင်မင်းမှာနာကျင်လာလေသည်။
"မယ်တော်..နာတယ်.."
အသံသေးသေးလေးသာထွက်လာလေသည်။ထိုအခါမှသာဉတုယောမီလည်း သားဖြစ်သူလက်ကိုလွှတ်ပေးလိုက်လေသည်။
"တောင်းပန်ပါတယ်သားတော်မယ်တော်စိတ်နည်းနည်း.."
တောင်ပြင်မင်းမှမိမိလက်မောင်းလေးကိုသာဖိကိုင်လျက်မျက်နှာငယ်လေးနှင့်ဖြစ်နေလေသည်။ထိုအခါမှာဉတုယောမီမှာရင်ထဲမကောင်းဖြစ်သွားသည်ကြောင့်သားဖြစ်သူ၏မျက်နှာလေးကိုနူးညံ့စွာထိကိုင်၍
"အဘယ်ကြောင့်မျက်နှာကဇီးရွက်ပမာဖြစ်နေရသလဲ မယ်တော်စိတ်ဆိုးတာသားငယ်ကိုမဟုတ်ပါဘူး ဒါ့ကြောင့်ပြုံးရွင်စမ်းပါကွယ်"
"မယ်တော်"
"ပြောလေ"
"ဘာလို့နောင်တော်အိမ်ရှေ့စံကကျွန်ုပ်တို့ကိုမုန်းနေရတာလဲဟင်"
"သားငယ်သိထားရမှာကအိမ်ရှေ့စံကသူ့နေရာကိုမင်း၏နောင်တော်လုယူသွားမှာကိုကြောက်ရွံ့နေတာထို့ကြောင့်သားငယ်ကိုလည်းရန်သူလိုဆက်ဆံနေတာ ဒါ့ကြောင့်မင်းသူ့ကိုနောင်တော်လို့သတ်မှတ်စရာမလိုဘူး"
"................."
မင်းသားငယ်မှာဘာမှမပြောပဲ မျက်ခုံးလေးတွေတွန့်လျက်ခေါင်းငိုက်ကျသွားလေသည်။ ထိုအချင်းအရာကြောင့်မိခင်မှာမင်းသားငယ်ကိုစိတ်ပူမိလေသည်။မင်းသားငယ်မှာသူ၏သွေးရင်းနောင်တော်ဖြစ်သည့်
ညောင်ပြင်မင်းသားကြီးဖြင့်အကျင့်စရိုက်ကွာခြားလှလေသည်။ညောင်ပြင်မင်းသားကြီးမှာလက်ရဲဇက်ရဲရှိ၍ ကြမ်းတမ်းသလောက်တောင်ပြင်မင်းမှာသိပ်ကိုနူးညံ့လေသည်။စာသင်ချိန်ဆိုရင်လည်း စစ်မက်ရေးရာနိုင်ငံရေးရာထက်အတီးမှုတ်ပန်းချီကဗျာဘက်တွင်ပို၍အားသာလေသည်။အရာရာကိုအကောင်းမြင်တတ်၍ ငြိမ်းချမ်းစွာနေတတ်သူသည် တိုက်ပွဲကိုသာမြတ်နိုးသူနှင့်လုံးလုံးမတူချေ။ စကားပြောရာမှာလည်းသိမ်မွှေ့သူဖြစ်သည်ကြောင့်မိဖုရားကြီးမှာသမီးတော်ရထားသည့်အတိုင်းပင်။ထိုကြောင့်မိဖုရားကြီးမှာ စိတ်ပူမိလေသည်။ နောင်တော်ကိုကူညီပေးသည့်ညီမဟုတ်ပဲ ကဗျာဆရာတစ်ဉီးဖြစ်သွားမည်ကိုသိပ်စိုးရိမ်လေသည်။
BẠN ĐANG ĐỌC
အရှင်