အခန်း၂

67 8 0
                                    

လွန်ခဲ့သည့် ၁၁နှစ်
သူရိယောမြို့

သူရိယောမြို့သည် ပုဂံနှင့်ပုပ္ပါးကြားရှိမြို့တစ်ခုဖြစ်ရာ သရောခေတ်တရာဟန်လင်းမြို့များဖြင့်အပြိုင်မြို့ဖြစ်လေသည်။ အပြိုင်မြို့ဖြစ်သည့်အလျောက် မြို့တစ်ခုနှင့်တစ်ခုမှာလည်းအပြိုင်ဖြစ်ရာ မြို့တစ်မြို့နှင့်ယှဉ်ပြိုင်နေရသည်။ ထို့အပြင်သူရိယောမြို့သည်ပုဂံမြို့၏ သိမ်းပိုက်ခြင်းကမခံရသေးသည့်မြို့တစ်မြို့ဖြစ်ရာ ဟန်လင်းမြို့များကဲ့သို့မြို့စားမထားရှိရပဲ မိမိထီးမိမိနန်းဖြင့်အုပ်ချုပ်နေရသည့် မြို့ဖြစ်သည်။

သူရိယောမြို့တွင် လူတန်းစား များခွဲခြားထားလေသည်။ ဘုရင်နှင့်နန်းသွေးဖြင့်ဆက်စပ်နေသူများသည်မင်းမျိုးမင်းနွယ်များဟူ၍။ အမတ်ကြီးများနှင့်အာဏာရှိလူတန်စားများ၊သူဌေးနှင့်ကုန်သည်လူတန်းစားများ၊သာမာန်လက်လုပ်လက်စားများ၊ကျွန်များနှင့်သူဖုန်းစားများဟူ၍ဖြစ်လေသည်။ထိုထဲတွင်အနိမ့်ဆုံးမှာသူဖုန်းစားများဖြစ်၍ ထို၏အထက်မှာကျွန်များသာရှိလေသည်။ အမောင်ရှားသည်ထိုအနွယ်များမွေးဖွားခဲ့သည်။သူဖုန်းစားတွေနေထိုင်သည့်ဇနပုတ်မှာမွေးဖွားခဲ့၍ မွေးချင်း၅ယောက်အနက်သူသည်အငယ်ဆုံးဖြစ်လေသည်။ သို့သော်မိမိ၏မွေးချင်းများသည်အဟာရလုံလောက်စွာစားသောက်ခွင့်မရခဲ့သည်ကြောင့် သေဆုံးခဲ့ကြလေရာ အမောင်ရှားမှာကံကောင်းထောက်မစွာဖြင့် အသက်ရှင်သန်ခဲ့သည်။

မနက်ပိုင်းမိုးပင်လင်းသည်နှင့်အမောင်ရှားမှာ မိခင်လက်ကိုဆွဲကသူရိယောတွင်လိုက်ရောက်တောင်းစားရလေသည်။ သိတတ်စအရွယ်မတိုင်ခင်ကတည်းကအမောင်ရှားမှာအမေဖြစ်သူဖြင့်လိုက်ကာတောင်းစားရလေသည်။ အမေသည်သူဖုန်းစားဖြစ်သည့်အလျောက် ထမီတစ်ထည်တည်းကိုသာရင်ပင်ရှား၍ဝတ်ရလေသည်။အမောင်ရှားသည် ငယ်စဉ်မသိတတ်အရွယ်တိုင်က ဘာမှမဝတ်ဆင်ပဲနေလို့ရသော်လည်းအသက်၉နှစ်အရွယ်သို့ရောက်သည့်အခါအရှက်လေးဖြစ်လာသည်ကြောင့် မိမိအရှက်လုံခြုံဖို့အတွက်ခါးတွင် ပိတ်စအဟောင်းကိုစည်းထားကာထိုပိတ်စသည်ဒူးလောက်သာရှိ၍အစွန်ဖျားများသည်ပြဲနေလေသည်။
အမျိုးသား ဖြစ်သည်ကြောင့်အပေါ်တွင်ဘာမှမဝတ်ပဲနေလို့ရသည်မှာ ကံကောင်းလှလေသည်။

အရှင် Where stories live. Discover now