"မင်းက အဲ့ဒါကို လာပြောတာလား အခုအချိန်မှာ ငါ့အတွက် အဲ့ဒါက အရေးကြီးတယ်ထင်နေတာလား"

"ကျွန်တော် တစ်နှစ်လုံးငှားရမ်းခ ပေးထားရတယ်လေ ပြီးတော့ ဒီအချိန်မှ ကျွန်တော်က အိမ်လိုက်ရှာရင် ဘယ်လိုရတော့မှာလဲ ကျွန်တော်ပေးရထားတဲ့ အခန်းခတွေကိုကော ဘယ်လိုလုပ်မလဲ"

"အဲ့ဒါတွေကိုကော ငါက စိတ်ပူပေးနေရမှာလား ငါ့အပူနဲ့ငါတောင် အပြီးသေးတာကို ဟေ့ကောင်တွေ သူ့ကို မောင်းထုတ်လိုက်တော့ အခန်းတွေကိုလဲ အမြန်ဖယ်ခိုင်းလိုက် "

"ဟုတ်ကဲ့ သွားမင်း ထွက်"

ထိုလူ၏ စကားဆုံးသည်နှင့် အနောက်တွင် ရပ်နေသောသူက စိုင်းစဝ်အင်္ကျီစအား ဆွဲကာ မောင်းထုတ်သည်။

စိုင်းစဝ် စိတ်ညစ်သွားသည်။ နေသားကျနေသည့် တိုက်ခန်းလေးမှ မပြောင်းချင်ပါ။ နေလာသည့်အချိန်မှာ ကြာပြီဖြစ်၍ ထိုတိုက်ခန်းလေးအပေါ် သံယောဇဉ် တွယ်မိပါသည်။

စိုင်းစဝ် ကျောင်းလဲ မသွားသည်မို့ ဦးလေးတို့ အစ်မတို့ရှိသည့် Shopကိုသာသွားလိုက်သည်။ ကိုယ့်အရပ်ကိုယ့်‌ဒေသ မဟုတ်သည့်အတွက် အိမ်ရှာခြင်းကလဲ မလွယ်ကူနိုင်ပါ။

"စိုင်းစဝ် ကျောင်းမသွားဘူးလား နေမကောင်းလို့လား"

"မဟုတ်ပါဘူး ကိစ္စလေးနည်းနည်းရှိလို့ မသွားတာ "

"စိတ်ညစ်စရာရှိလို့လား အစ်မတို့ကူညီနိုင်ရင်ပြောနော်"

"ဟုတ် အစ်မ"

စိုင်းစဝ် ကိုယ်အပူအားသူများကိုလဲ မပေးချင်ပါ သန့်သူရလာသည့်အခါမှ မည်သို့ လုပ်ရမည်ကို တိုင်ပင်ရမည်။ စိုင်းစဝ် ဆိုင်မှာ တစ်နေကုန်အလုပ်လုပ်နေလိုက်သည်။

ညနေဘက်တွင် သန့်သူရ ဆိုင်သို့ ရောက်လာသည်။

"စိုင်းစဝ် အဆင်ပြေလား"

"မပြေပါဘူး မပြေတဲ့အပြင် ငါ့‌ငွေတွေတောင် ပြန်ပေးမယ့်ပုံမပေါ်ဘူး"

"ဟာ အဲ့တော့ ဘယ်လိုလုပ်မလဲ နေပါအုံး မင်းပြောတယ်လေ အဲ့တိုက်ခန်းက ရောင်းမလို့ဆို "

"အေလေ သူလဲ အရေးပေါ်ငွေလိုနေတာလားတော့ မသိဘူးကွ သူနေတဲ့ အိမ်မှာ ချိတ်ပိတ်ထားတယတွေ့တယ်"

Find Love Because Of you (Complete)Where stories live. Discover now