ဖူးစာဖက်

Start from the beginning
                                    

"အိမ်ရှေ့စံ...အဆင်ပြေရဲ့လားဟင်?! တစ်ခုခုပြောပါဦး! အိမ်ရှေ့စံ! အိမ်ရှေ့စံ!!"

Fourth က Enigma cycle စနေမှန်းမသိတဲ့အတွက် ဘာတွေဖြစ်နေမှန်းနားမလည်‌ပေမယ့် နောက်ဆုံးမှာတော့ အကူအညီခေါ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သူ့Enigmaက အာရုံမရှိသလို လှဲလျောင်းနေပြီး အပူချိန်တွေလဲ မြင့်တက်နေတယ်။ ဖြူဖျော့နေတဲ့မျက်နှာအပြင် တစ်စတစ်စထွက်ပေါ်လာနေတဲ့ ဖယ်ရိုမုန်းတွေနဲ့။ ဒါက cycle စတဲ့ ပထမဆုံးနေ့ဖြစ်ပြီး Gemini ကို နန်းတော်အပြင်ထုတ်ထားဖို့ တကယ်လိုအပ်နေပါပြီ။

"မြင်းလှည်းပြင်ထား....အိမ်ရှေ့စံကို သူ့အိမ်တော်ကို ပို့ပေးကြ မြန်မြန်!" နာကျင်နေတဲ့သူ့သားတော်ကို မြင်တာနဲ့ Lunaက အမိန့်ပေးလိုက်တယ်။

"မယ်တော် ဘာတွေလဲဟင်?! ဘာလို့လဲ?! ဘာလို့အိမ်ရှေ့စံက ထွက်သွားရမှာလဲ?!" သူ့ရဲ့ အားနည်းနေတဲ့Enigmaကို အမှုထမ်းအများအပြား သယ်သွားကြတာတွေ့တော့ Fourth ကမန်းကတန်း မေးမိတယ်။

သူ့ယောက္ခမက သူ့ပုခုံးတွေကို ထိန်းကိုင်လိုက်ရင်း "သားမက်လေး...နားထောင်ပါ! သားရဲ့ Enigma က cycle စနေပြီ ဒီနေ့က ပထမဆုံးရက်ဖြစ်ပြီး ဒုတိယနေ့လောက်အထိ သူက အဲ့လိုပဲ အားနည်းနေမှာ ဒါပေမယ့် သုံးရက်မြောက်တဲ့အခါ တစ်စုံတစ်ယောက်ကို အပိုင်သိမ်းမိတာ ဒါမှမဟုတ် သတ်မိတာမျိုးဖြစ်နိုင်တဲ့အထိ သူ့အားအင်တွေကအပြည့်ဖြစ်လာမှာ! သူ့ဖယ်ရိုမုန်းတွေကြောင့်လဲ သား ဒုက္ခရောက်နိုင်တယ်" Gemini မယ်တော်က ဆက်ရှင်းပြတယ် "သား အဆင်သင့်မဖြစ်သေးဘူးဆို မယ်တော်တို့နဲ့နေပြီး သူ့ကို တစ်ပတ်တိတိ သူ့အိမ်တော်မှာ သက်သာတဲ့ထိ ပေးနေလိုက်ပါ"

"ဟင့်အင်း...ကျွန်တော်လဲ လိုက်သွားပါရစေ!"

***

သူ့ယောက္ခမကို ရအောင် နားချပြီးတဲ့ နောက်မှာတော့ Fourth ကိုပါ ရက်ပိုင်းလောက် နန်းတော်အပြင်မှာနေဖို့ အ၀တ်အစားအနည်းငယ်၊ အစားအသောက်အနည်းငယ်နဲ့ အမှုထမ်းတွေက လိုက်ပို့ကြတယ်။

Gemini cycle စတဲ့အခါ အနားကလူတွေ အကုန် ဒုက္ခရောက်ကုန်ကြမှာဆိုးလို့ ကပြာကယာ ဆောက်ပေးထားတဲ့ သာမာန်အဆောက်အဦးလေးတစ်ခု။ အခြေချနေထိုင်တဲ့လူတွေနဲ့မနီးတဲ့ ပင်လယ်ကမ်းရိုးတန်းနားမှာ ဘုရင်ကြီးက သူ့သားတော်အတွက် ဆောက်ပေးထားခြင်း။ Gemini ရဲ့ ဖယ်ရိုမုန်းတွေက ထူးကဲတဲ့ မန်ဂျက်စတစ်ရဲ့ ပင်လယ်လေအနံ့နဲ့ အုပ်မိုးခံရမှာဖြစ်တဲ့အတွက် Enigma က သေချာပေါက် သူ့ဖယ်ရိုမုန်းအနံ့အပြင် တခြားအနံ့ကိုရတော့မှာမဟုတ်သလို ပင်လယ်လှိုင်းတွေကိုကြည့်ရင်း ပြန်လည်သက်သာနိုင်ဖို့ တရားထိုင်ပြီး စိတ်တည်ငြိမ်‌အောင်လုပ်လို့ရတယ်လေ...

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now