part 11

34 6 0
                                    

      1001 ခုမြောက်သော စက္ကူကြယ်။ အကုန်လုံး ခေါက်သွားချိန်မှာ Miu သည် သူမ ဒီအခန်းထဲတွင် ပုန်းအောင်းနေသည့် အချိန်က တစ်ညလား နှစ်ညကြာသွားပြီလား မသဲမကွဲတော့ပါ။ လက်က ကျင့်သားရနေသည့်အတိုင်း လှုပ်ရှားနေပြီး ဦးနှောက်ကတော့ ပူထူလျက် အတွေးများနေရသည်။ အခုချိန်တွင် Nicky နှင့်သာတွေ့နိုင်လျှင် အချို့သော မေးခွန်းတွေအတွက် အဖြေရှိသွားလိမ့်မည်။

      ဘယ်တစ်ခုက အမှန်တရားလဲ မဆုံးဖြတ်နိုင်ပေမယ့် လက်တွေ့တွင် အမှန်တရားက ရှုပ်ထွေးနေအောင် မွှေနှောက်ခံထားရသည်ကိုတော့ သိသည်။ သူမ ဟိုဘက်ကမ္ဘာမှာ အချိန်ဖြန်းခဲ့သည့် ငါးနှစ်တာတွင် နေ့ရက်တစ်ရက်ချင်းစီတိုင်းက အစစ်အမှန်ဖြစ်သည်။ သို့သော် အခုချိန်တွင်တော့ ထိုငါးနှစ်တာဟာ မရှိခဲ့ဖူးသလိုမျိုး အရှေ့ကို ပြန်ပို့ခံလိုက်ရသည်။ နားကွင်းနှစ်ဖက်နှင့် လိမ္မော်ရောင်ဆံပင် မရင့်ကျက်သည့်အရွယ် ဒါတွေအားလုံးက လွန်ခဲ့သည့်ငါးနှစ်က အချိန်ကာလ၏သူမဖြစ်သည်။

      သူမ မရှိချိန်တွင် ဒီဘက်ကမ္ဘာက အချိန်တွေက ရပ်တန့်နေခြင်းလည်း ဖြစ်နိုင်သေးသည်။ Miu သည် စခရင်မှတစ်ဆင့် မြင်နေရသည့် အရိုးစု၏လှုပ်ရှားမှုများကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေမိသည်။ အရိုးစုက စက္ကူကြယ်ခေါက်နေတာကို မြင်ရတာက ထူးဆန်းသော်လည်း ထိုအရိုးစုက စက္ကူကြယ် 1001 ခုပြည့်ချိန်တွင် ရပ်လိုက်သည်ကို မြင်နေရခြင်းက Miu အတွက် ပိုလို့ထူးဆန်းသည်။

     Miu အနေနှင့် သူမက ဒီကမ္ဘာမှလူဆိုသည့်အချက်အပေါ် အရင်ကလောက် သံသယမဖြစ်တော့သလို George နှင့် သူမကြားမှ သားအဖဆက်ဆံရေးကိုလည်း လက်ခံနိုင်သည်။ သို့သော် Airi ကတော့ မေးခွန်းမှားနေသည့်ပုစ္ဆာတစ်ပုဒ်ဟု ခံစားနေရဆဲဖြစ်သည်။ ထိုအရိုးစုက သူမ၏ အကြောင်းကိုသာမက အကျင့်တွေကိုလည်း အလုံးစုံသိလို့နေသည်။ တစ်ထောင်နှင့်တစ်ခုမြောက်သောကြယ်ဆိုသည်မှာ ဘာအဓိပ္ပါယ်မှမရှိသော်လည်း သူမ၏ စွဲမြဲနေသောအကျင့်အရ ကြယ်ခေါက်တိုင်း ထိုအရေအတွက်ရအောင်အထိ ခေါက်လေ့ရှိသည်။ ဒါကိုလည်း အရိုးစုက သိနေပြန်သည်။  လက်ရှိ လူသားအသွင်နှင့် သူမ၏ဘော့စ် Airi ပင်လျှင် ထိုအကြောင်းတွေကို သိမည်မထင်ပေ။ ထိုအပြင် Airi က နှစ်ယောက်တောင် ရှိနေသည့်အကြောင်းကလည်း စဉ်းစားကြည့်ရင် ခေါင်းကိုက်စရာပင်။

Transmigrator is a little confused now Where stories live. Discover now