End

2.9K 154 27
                                    

(Uni)

TaeHyung နဲ့အတူ JungKookက ရောမကိုပြန်လိုက်လာခဲ့ပြီး ချစ်ရသူရဲ့ လမ်းညွှန်မှုအောက်မှာပဲ အသေးစိတ် ဆေးကုသမှုတွေ ခံယူခဲ့သည်။

Jameကလည်း သူကုပေးစရာမလိုတော့အောင်ကို စိတ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်လာပြီဖြစ်ကြောင်း ပြောလေသည်။

သူ့အလိုသာဆို ချစ်သူနဲ့ နှစ်ဦးသား အချိန်ပြည့် ရှိလိုပေမယ့် ရပ်တန့်ထားသည့် အလုပ်တွေကြောင့် Renကို အားနာပါဦး Kingရယ်ဆိုသည့် စကားကြောင့်သာ ပြန်လုပ်နေရခြင်း ဖြစ်သည်။

ယခုဆိုလျှင်သူတို့နှစ်ဦးဟာ ရောမတွင် တရားဝင်လက်ထပ်ထားပြီးကြပြီ ဖြစ်သလို လှပတဲ့ အိမ်ထောင်ရေးလေးကိုလည်း အတူတည်ဆောက်နေကြသည်ဖြစ်သည်။

မနက်ဆို အချစ်ကို ဆေးရုံလိုက်ပို့ပြီးမှ သူ့ပြခန်းဆီသို့သွားတတ်သလို ညနေဆိုရင် အချစ်ကို ဝင်ကြိုပြီးမှ အိမ်ကို အတူတူပြန်လာကြသည်။

တပူးပူးမခွဲသည့် အချစ်ငှက်လေးနှစ်ကောင်ကို အစကတော့ Renဟာ အားကျနေပါသော်လည်း ခုတော့ မျက်စိဆံပင်မွေးစူးလို့နေလေသည်..

ပြခန်းမှာဆိုလည်း ဆရာသမားက ဧည့်မရှိသည့်အချိန်ဆို ဒေါက်တာအားတယ်ဆိုတာနဲ့ Video call ကို တောက်လျှောက်ခေါ်ထားတော့တာ။

နေ့လည်စာစားချိန်တောင် ဒေါက်တာအားသည့်ရက်မျိုးဆို ဆရာ့ဘက်က မအားအားအောင် ဖန်တီးပြီးကို ဆေးရုံမှာ တကူးတကကို သွားစားသေးသည်။

ဘယ်လိုပင် မျက်စိဆံပင်မွှေးစူးပါစေဦးတော့ အရင်တုန်းက အခြေအနေထက်စာရင် ကိုယ့်ရဲ့ အစ်ကိုတော်စပ်ခဲ့ဖူးသူ ဆရာသမားကို ယခုလိုလေးသာ သူ မြင်ချင်ပါသည်။

ကိုယ်ပဲ ပါရမီနည်းလို့လားမသိ အရင်အတိတ်ဘဝကိုတော့ Ren အနေနဲ့ အိပ်မက်လိုတောင်မမက်ခဲ့ဖူးသလို.. ဆရာတို့ပြောပြသည့်ထဲတွင် Jame သည်လည်း အတိတ်ဘဝက Vanteရဲ့ ဒုတိယ အကအဖွဲ့ခေါင်းဆောင်ဖြစ်သည်တဲ့လေ..

သို့သော် Jame သည်လည်း သူ့လိုပင် ဘာမှ မမှတ်မိခဲ့ချေ။

Jameထက်ပိုတာဆိုလို့ ထိုနေရာကို သူသွားလို့ ရနိုင်ခြင်းပင်ဖြစ်သည်။

Hidden by Dandelion (Completed)Where stories live. Discover now