(10)

1.2K 116 20
                                    

(Uni)

မျိုးတူချင်း ချစ်ကြိုက်တာလားတဲ့..

တကယ်တော့ ကိုယ်သိပ်ချစ်တဲ့ King က ယောက်ျားလေးတစ်ဦး ဖြစ်နေတာကလွဲရင် သူတို့ပြောကြတဲ့ မျိုးတူချစ်ကြိုက်မှုဆိုတာ ကိုယ့်အပေါ် သက်ရောက်နိုင်ပါ့မလား။

ကိုယ်ကလေ JK King ဖြစ်နေလို့ကို ချစ်မိခဲ့ရုံပါ။

ဒီဆံထုံးလေးကို မိဖုရားပိုင် ပစ္စည်းတဲ့ Kingရယ်

မိဖုရားအပိုင်ကို ကိုယ်က ခိုးထားတာပါတဲ့လေ.. စွပ်စွဲချက်ကြီးက။

King ကိုယ်တိုင် ကိုယ့်ကို လက်ထပ်ခွင့်တောင်းထားတဲ့ ချစ်သက်သေပစ္စည်းပါလို့ ကိုယ်ဘယ်လို ပြောထွက်ပါ့မလဲ King ရယ်..

ဆွဲမထည့်ရက်ပါဘူး ကိုယ့်ဘုရင်လေးရယ်။

မင်းရဲ့အချစ်တွေ ဘယ်လောက်စစ်မှန်တယ်ဆိုတာ ကိုယ်တစ်ယောက်သိရုံနဲ့တင် လုံလောက်ပါတယ်။

Kingနဲ့ နောက်ဆုံးတစ်ခါလောက်တွေ့ရရင်ကို သေပျော်ပါပြီဆိုတဲ့ ကိုယ်ကလေ တကယ် Kingကိုသာ ကာကွယ်ပေးနိုင်မယ်ဆိုရင် ခုသေပေးရလည်းတန်ပါတယ်..

King ကတော့ ဘေးကင်းမှ ဖြစ်မယ်လေနော်။

"အကအဖွဲ့ခေါင်းဆောင်ခင်ဗျာ .. ကျွန်ုပ်မေးတာကို ဖြေပေးပါ"

"ဟုတ်ပါတယ်.. ကျွန်တော်က.. ကျွန်တော့်ဘက်က King ကို တစ်ဖက်သတ် ချစ်ခဲ့တာပါ.."

"ဟာ"

"ဟယ်"

"ငါတို့ဘုရင်နဲ့များ မတန်မရာ"

"တိတ်ကြစမ်း.. ဒါဆို ဒီဆံထိုးကရော ခိုးယူထားတာပါလား"

ခိုးယူးထားတာတဲ့လား..

"Vante မဟုတ်ဖူးလို့ပြောလိုက်လေ"

Jameရဲ့ ငိုရှိုက်သံနဲ့ ပြောလာသည့် အသံက သူ့ရင်ကို အဆမတန်နာကျင်စေပါသည်..

"ဒီဆံထိုးလေးက ကျွန်တော့်အပိုင်ပါ.. Kingကို ချစ်နေတဲ့သူမလို့ Kingက ဘယ်သူ့အတွက်ပဲ ပေးခဲ့ပါစေ ခုကျွန်တော့်လက်ထဲမှာရှိနေတာမို့ ကျွန်တော့်အပိုင်ပါ"

"ဟား သူကအရူးပဲ"

"အဲ့အရူးသတ်ပစ်ကွာ"

"သူ့သေတွင်းသူတူးနေတာပဲဟ"

Hidden by Dandelion (Completed)Where stories live. Discover now