(5)

1.4K 130 1
                                    

(Uni)

ရင်တွေတဒိတ်ဒိတ်ခုန်နေတာ ရောမရဲ့ နန်းတော်ကြီးမှာ ပထမဆုံးဖျော်‌ဖြေရမှာကြောင့်လား...

ဆုတောင်းတွေအတိုင်း နီးစပ်ချင်ခဲ့တဲ့ King ရဲ့ ရှေ့မှာ ဖျော်ဖြေရမှာကြောင့်လား...

ဖြစ်နိုင်ချေ နှစ်ခုအနက် Kingရဲ့ သူ့အပေါ်လွှမ်းမိုးမှုက ပိုလေသည်။

ဘယ်သူထင်ပါ့မလဲ သူဟာ King ကို ရောမမှာတွေ့တာ ပထမဆုံး အကြိမ်မဟုတ်ဘူးဆိုတာကိုပေါ့။

လွန်ခဲ့တဲ့ ၃နှစ်...

ဂုဏ်သတင်းကျော်ဇောလှတဲ့ ရောမရဲ့ ဘုရင် JK King က သူတို့ ခေတ္တနေရပ် အီဂျစ်ကို လာမယ်ဆိုကတည်းက တွေ့ဖူးချင်ခဲ့တာပဲဖြစ်သည်။

အီဂျစ်တော်ဝင်မင်းသားရဲ့ မွေးနေ့မင်္ဂလာကို တက်ရောက်ခဲ့တဲ့ JK Kingက Gypsy ကချေသည်လေးတစ်ယောက်ကိုတော့ မျက်လုံးထဲ ဘယ်မြင်ခဲ့ပါ့မလဲ။

Victory အကအဖွဲ့ကို ဦးဆောင်ခွင့်မရှိသေးတဲ့အချိန်.. နာမည်ကျော်ဇောမှုလည်း မရှိသေးတာကြောင့် ဝါရင့် Gypsy အဖွဲ့ရဲ့ အရံ ကချေသည်လေးပေါ့ King ရယ်။

နာမည်ကြီး‌တွေရဲ့ တစ်ကိုယ်တော်ဖျော်ဖြေမှုအပြီးမှာ ပြန်သွားတဲ့ King က အုပ်စုလိုက်ဖျော်ဖြေမှုမှာသာ အရံအနေနဲ့ပါရတဲ့ ကချေသည်လေးကို မသိခဲ့ခြင်းတွေပေါ့။

ကိုယ်ကတော့ King ကိုယ်တိုင်တက်‌ရောက်မယ်ဆိုကတည်းက မွေးနေ့ပွဲမှာ ဖျော်ဖြေခွင့်ရသူတွေထဲပါရဖို့ အစွမ်းကုန် ကြိုးစားခဲ့ရတာ။

‌အီဂျစ်တော်ဝင်မင်းသားနဲ့အတူ ကော်ဇောနီ လျှောက်လှမ်းထက်ကို နင်းချလာတဲ့ ခြေဖဝါးတော်ကစလို့ ခန့်ညားလှတဲ့ မျက်နှာသွင်ပြင်ဟာ မြင်မြင်ချင်းမှာပင် Vရဲ့ ရင်ကို ကိုင်လှုပ်စေလေသည်။

မျက်တောင်တစ်ချက်ခတ်ရမှာကိုပင် နှမြောမိသည်အထိ ရောမဘုရင် JK King ထံတွင် သူ့နှလုံးသား ခစားရလေသည်။

အရမ်းထူးချွန်ထက်မြက်လှတဲ့ ဘုရင်တစ်ပါးကို အားကျစိတ်အပြည့်နဲ့ မြင်ဖူးချင်မိသည်မှာ ရင်ခုန်ဖို့တော့မဟုတ်ခဲ့ပါ။

နှလုံးသားရဲ့ ဖြူစင်ပုံက အားကျစိတ်ကနေ ရူးသွပ်စိတ်ကို ဖြစ်ပေါ်စေသည်အထိ။

Hidden by Dandelion (Completed)Where stories live. Discover now