(11)

1.3K 125 17
                                    

(Uni)

"အား!!! ပူတယ်.. အား"

"Hyung.. ဘာဖြစ်တာလဲ Hyung"

"သားတော်..ဘာဖြစ်တာလဲ"

"အား!!! ပူတယ်"

စကားပြောနေရင်းအကောင်းကြီးကနေ ပူတယ်ထအော်နေတဲ့ Hyung ကြောင့် Ren နှင့် မယ်တော်ကြီးမှာ ပျာယာ ခတ်သွားရသည်။

"Ren.."

"ကျွန်တော်ရှိတယ် Hyung"

"သူဒုက္ခရောက်နေပြီ.. ငါသွားမှရမယ်.. အား.. အဟွတ်ဟွတ်"

"Hyung သတိထားပါဦး"

"ငါသူ့ဆီသွားမှရမယ်"

ထိုအချိန်မှာပဲ

"အရှင်ကယ်ပါဦး.. အရှင်ရေ Vante ကို သူတို့ မီးရှို့ဖို့ခေါ်သွားကြပြီ"

အတားအဆီး‌‌တွေကို ကျော်ဖြတ်ကာ အပြေးဝင်လာသည်က Jame။

"ဘာပြောတယ် Jame.. အဟွတ် အဟွတ်"

"သူတို့တွေ Vanteကို လိင်တူချစ်ကြိုက်သူဆိုပြီး မီးရှို့ပစ်ဖို့ ခေါ်သွားကြပြီ.. ကယ်ပါဦးအရှင်ရယ်"

Jameရဲ့ပြောစကားက သူ့ခေါင်းကိုမိုးကြိုးပစ်လိုက်သည့်နှယ်..

မီးရှို့တယ်.. မီးရှို့တယ်တဲ့လား။

ဖြစ်မှဖြစ်ရလေ အချစ်ရယ်.. ကိုယ်နောက်ကျခဲ့ပြီလား။

ခုကိုယ်ခံစားနေရတာတွေကြောင့် ကိုယ်မီပါဦးမလား အချစ်ရယ်..

ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး ဘာမှတော့မဖြစ်လိုက်ပါနဲ့ဦး..

ခန္ဓာကိုယ်ရဲ့ ပူလောင်နေမှုကိုလည်း မမှုနိုင်.. ရင်ဘတ်ထဲကပိုနာကျင်လာရသည်။

စိုးထိတ်မှုအပြည့်နဲ့ ပြေးထွက်လာရတဲ့ ခြေလှမ်းတွေမှာ နောင်တတို့အပြည့်

ကိုယ်မင်းကို တစ်ယောက်တည်းမထားခဲ့သင့်ဘူး

ရင်ထဲက ပူလောင်နေမှုမှာ အတိုင်းအဆမဲ့လေသည်။

သူခံစားနေရတဲ့ အပူဒဏ်တွေ.. မီးခိုးမွှန်မှုတွေဟာ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။

မဟုတ်ဘူး.. ပျောက်ကွယ်သွားလို့မဖြစ်ဘူး။

ဒီလက္ခဏာရဲ့ ဖြစ်စဉ်ကို သူအသိဆုံး။

Hidden by Dandelion (Completed)Where stories live. Discover now