(3)

1.8K 148 3
                                    

(Uni)

တစ်နေ့တာရဲ့ရောင်ခြည်ဦးသန်းလာခဲ့သလို တယောသံဟာလည်း တိတ်ဆိတ်သွားတယ်..

အိပ်ရေးပျက်ညတွေများနေပြီ..

တစ်ခါက အိပ်မက်ထဲမှာ ကြားဖူးခဲ့တဲ့

'King ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ကိုယ်သိပ်ချစ်တာပဲ'လို့ ပြောခဲ့တဲ့ Vante V သာ မြင်ရင်တော့ ချိုင့်ဝင်နေတဲ့ မျက်ဝန်းတွေဟာ ဘယ်လောက်တောင် လွမ်းဆွတ်နေတယ်ဆိုတာကို သိပေလိမ့်မည်။

တစ်ကိုယ်လုံးလန်းဆန်းသွားအောင် ရေမိုးချိုးလိုက်ပြီး Soda တစ်ဘူးကို ဖောက်သောက်လိုက်မှ ခေါင်းနောက်နေတာ နည်းနည်းကြည်သွားသလို။

တစ်ခုခုစားဖို့ပြင်ဆင်မယ်ကြံတော့ Ren တစ်လတစ်ခါ ဝယ်ခြမ်းပေးထားတဲ့ အခြောက်အခြမ်းတွေလည်း ကုန်လုပြီဖြစ်သည်။

သူလည်း အပြင်လောကကို မထွက်တာ ၃လကျော်ရှိပြီ။

သူတို့ ဒီနေရာကို ရှာတွေ့ပြီးနောက်ရက်မှာ Renက လမ်းကြောင်းမှန်မှန်နဲ့ တောအုပ်ကနေ ပြန်ထွက်သွားနိုင်ခဲ့ပြီး JK King ရဲ့ နန်းတော်ရှိနေသေးသည့် အကြောင်းကို ဒေသခံတွေ သိမသိအား စုံစမ်းခဲ့လေသည်။

စုံစမ်းပြီးတာနဲ့ လိုအပ်တဲ့ပစ္စည်းတချို့ကိုသယ်ဆောင်လို့ သူရှိတဲ့နေရာကို Ren ဟာ တန်းတန်းမတ်မတ်ကို ပြန်ရောက်လာခဲ့ပါသည်။

တောလည်နေခြင်းမျိုးလည်း မကြုံခဲ့ရဟု ဆိုလေသည်။

သူတို့နှစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့ခဲ့သည့် ဒီနေရာကို ရှေးယခင်ကတည်းက မည်သူမျှ ရှာတွေ့ခဲ့ခြင်းမရှိကြဘူးဆိုတာက အတော်တော့ ထူးဆန်းလွန်းလေသည်။

တစ်ချိန်က နေမဝင်အင်ပါယာကြီးမှာ ထွန်းလင်းတောက်ပခဲ့တဲ့ JK King အကြောင်းမှာ

'ထူးချွန်ထက်မြက်လှတဲ့ အင်ပါယာ ဘုရင် JK King'

'JK King နှင့် သူ့၏ ချစ်သူ Gypsy ကချေသည်လေး'

'ရောမရဲ့ ရင်နာစရာ အချစ်ဇာတ်လမ်းလေး'

စသည့် ပါးစပ်ရာဇဝင်.. အိပ်ရာဝင်ပုံပြင်အဖြစ်သာ ကျန်ခဲ့လေသည်။

Hidden by Dandelion (Completed)Where stories live. Discover now