" နေမကောင်းဘူးလား "
နဖူးထက်သို့ လက်တင်စမ်းကြည့်လိုက်ရာ မျက်လုံးအိမ်ပင် ကျယ်သွားရသည် ။
" ကိုယ်တွေ ဒီလောက်ပူနေတာကို ဘာလို့အပြင်ထွက်လာတာလဲ ။ ဆေးရောသောက်ပြီးပြီလား "
" အစ်မ ငိုထားတာလား "
စကားသံတို့ကို လျစ်လျှူရှု၍ မေးလိုက်သည့်မေးခွန်းသည် အစ်မရဲ့မျက်ခမ်းစပ်တို့ နီရဲနေသည်မှ ဖြစ်ပေါ်လာသည် ။
ပြန်ဖြေမလာသည့် အစ်မဟာ ဟုတ်ကြောင်းကို အသံတိတ်ဝန်ခံနေသလိုပင် ။" ဟုတ်နေတာဘဲ ။ ဘာလို့ ငိုထားတာလဲ ။ အစ်မမျက်ရည်ကျရလောက်တဲ့အထိ အစ်မကို ဝမ်းနည်းစေတဲ့ အရာက ဘာများလဲ "
" အခုချိန်မှာ ဒါကအရေးမကြီးဘူးလေ ။
တိမ်လွှာ ဒီလောက် ကိုယ်တွေပူနေတာကို... ဆေးရောသောက်ပြီးပြီလား ။ ဆေးခန်းသွားမလား "" အစ်မ ဘာလို့ငိုထားတာလဲ "
" တိမ်လွှာ! "
" တောင်းပန်ပါတယ် အစ်မကို ဒေါသထွက်စေမိသွားပြီ... "
မျက်လွှာချသွားကာ ညှိုးငယ်သွားသည့် မျက်နှာလေးကြောင့် အော်လိုက်မိသည်မှာ မှားသွားခဲ့သည် ။
နေမကောင်းဖြစ်နေချိန် အားငယ်စိတ်တို့က အလိုလိုဖြစ်ပေါ်နေတတ်တာကို ဘာကြောင့်များ အော်လိုက်မိသနည်း ။" မဟုတ်ဘူး ။ အစ်မကတောင်းပန်ရမှာ ... တောင်းပန်ပါတယ် အစ်မအော်မိသွားတယ် ။
အပြင်မှာအေးတယ် ကားထဲဖြစ်ဖြစ်ဝင်ပါ့လား "" ကျွန်တော်နဲ့ လိုက်ခဲ့ပါလား ။ အိမ်မှာ ကျွန်တော်တစ်ယောက်တည်းမို့ "
တောင်းဆိုနေသည့် မျက်နှာငယ်လေးကို ငြင်းပယ်နိုင်စွမ်းရှိပါ့မလား ။ နေမကောင်းဖြစ်နေသည့် ချစ်ရသူကို တစ်ယောက်တည်း ထားခဲ့ရန်လည်း စိတ်အစုံဟာ လုံးဝလက်ခံနိုင်မည်မဟုတ် ။ မျက်နှာလေး တွေ့လိုက်ရချိန်ကတည်းက နာကျင်ခဲ့သမျှအားလုံးဟာ မျက်လုံးဝိုင်းဝိုင်းလေးအောက် နစ်မြုပ်သွားသယောင် ။
စွန့်လွှတ်ခြင်းကို မစွမ်းဆောင်နိုင်၍ ဆက်ပြီး တွယ်ကပ်နေမိအုံးမည်ထင်သည် ။
Part_11
Start from the beginning