Part (2)uni+zaw

3.7K 120 0
                                    

အမှန်ပင် စိုင်းစဝ်ရင်ထဲ ပူပင်များကို ခံစားနေရသည်။ ဘယ်အချိန်ထိ သူ့အနားရှိနေရမှာလဲ။ ကျောင်းထဲမှာ ကိုယ့်သူငယ်ချင်းဆို၍ သန့်သူရကို တစ်ယောက်တာရှိသည်။ သန့်သူရအားကြည့်လိုက်တော့ ဝီလျှံရှိန်း၏ ရည်းစားဖြစ်သွားသည်မှာ သူဟုပင်ထင်ရလောက်အောင် ပြုံးရွှင်နေလေသည်။

"မင်း ငါအဲ့ဝီလျှံရှိန်းရဲ့ ရည်းစားဖြစ်ဖို့ အမိန့်ပေးခံရပြီး အခုသူ့ရည်းစားရာထူးကို မယူလဲ ရသွားတဲ့ မင်းသူငယ်ချင်းငါ့ကို စိတ်မပူဘူးလား"

"ငါမင်းကို စိတ်မပူဘဲနေပါ့မလား စိတ်ပူတာပေါ့ အဲ့ကြောင့် ငါ ဝီလျှံရှိန်းရဲ့ အကြောင်းကို အကုန်စုံးစမ်းခဲ့တယ်လေ သူ့အကြောင်းသိရတော့ မင်းကို စိတ်ချသွားတာ"

"မင်း ကြီးတော် စိတ်ချ ငါကသူတင်မဟုတ်ဘူး တက္ကသိုလ်ထဲက ကောင်မလေးတွေကိုလဲ ကြောက်တယ်ကွ ငါဟာငါ အေးဆေးနေတာပါ ငါသူ့ကို ဘာလုပ်မိလဲ စဉ်းစားလို့ကို မရဘူး"

"ကြောက်မနေပါနဲ့ စိုင်းစဝ်ရာ မင်းရည်းစားက တစ်ခြားသူမဟုတ်ပါဘူး ဝီလျှံရှိန်းကွ ဝီလျှံရှိန်း ပြုံးထားစမ်းပါ"

ဟုတ်သည်၊ ဝီလျှံရှိန်း တက္ကသိုလ်၏ နာမည်အကြီးဆုံး ကျောင်းသား၊ W group ၏ ဆက်ခံသူ သားတစ်ဦးလည်းဖြစ်သည်။ မွေးချင်းအစ်မ‌တစ်ယောက်ရှိသည်။ ငွေကြေးချမ်းသားသည့် အသိုင်းအဝိုင်းကဖြစ်သော်လည်း နာမည်ပျက်၊ နာမည်ဆိုး မရှိသည့် သူဌေးသားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။  ကျောင်းထဲရှိ မိန်းခလေးအတော်များများ၏ အိမ်မက် မင်းသားတစ်ပါးဆိုလဲ မမှားပေ။ဝီလျှံရှိန်း၏ လက်မောင်းကို တွဲခိုချင်နေကြသည့် သူများမှာ များပြားလှသည်။ မိသားစုနောက်ခံကြောင့် အနည်းငယ်သာ ပါဝင်သော်လည်း အျားစုကတော့ သူ၏ ရုပ်ရည်ကြောင့် တွဲချင်သူများ များပြားကြသည်။ ထိုသို့သောသူက ကိုယ့်အား ရည်းစားအဖြစ် အမည်ခံလိုက်ခြင်းက အနည်းငယ်ထူးဆန်းနေသလို ခံစားနေရသည်။ သူထံတွင် မည်သည့်အကြောင်းအရာ ရှိနေသည်ကို မသိနိုင်တော့ပါ ။

"ဟေ့ စိုင်းစဝ် အနောက်မှာ မင်းကောင်လေး ဝီလျှံရှိန်းလာနေတယ်"

Find Love Because Of you (Complete)Where stories live. Discover now