[၁၅၀] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

Start from the beginning
                                    

သူခုနကမျက်စိမှိတ်အနားယူနေတုန်းက တစ်ဖက်လူကသူ့သွေးခုန်နှုန်းကိုစမ်းကြည့်ခဲ့တာကိုသူရုတ်ခြည်းမှတ်မိသွားကာ ချက်ချင်းနားလည်သွားတော့သည်။

သူသူ့နားသန်သီးကိုထိတော့မည့်ရှဲ့ကျင်းဟုန်၏နှုတ်ခမ်းများကိုခေါင်းစောင်းရှောင်ကာ တစ်ဖက်လူ၏မျက်ဝန်းထဲကိုအလိုလိုစိုက်ကြည့်ပြီးမေးလိုက်သည်။
"မင်းပြန်ကောင်းလာပြီလား။"

ရှဲ့ကျင်းဟုန်မှာသိသိသာသာကိုတောင့်ခဲသွားရသည်။ သူအိပ်မက်၏သက်ရောက်ခြင်းခံရစဥ်တအားတုံးအလွန်းခဲ့တာကြောင့်ရှက်သွားတာမဟုတ်ဘဲ....သူ့အိပ်မက်ထဲတွင်သူ့မှာမိစ္ဆာအရှင်မော့ရွှမ်သရုပ်ရှိခဲ့တာကိုသူမှတ်မိသွားလို့ပင်။ နေ့ဘက်မှာတုန်းက ယွမ်ပုရှုကသူ့ကို"အရှင်"ဟုခေါ်လုမတတ်ဖြစ်သွားခဲ့သည်။ ရှစ်စွင်းသံသယဖြစ်သွားတာများလား။

သို့သော်သူတွေးကြည့်မိတော့သိပ်မသေချာပေ။

သူ့အိပ်မက်ထဲမှာ မိစ္ဆာအရှင်မော့ရွှမ်အပြင် ရှစ်ရှုန်း၊ ရှစ်စွင်း၊ စာကြည့်ဆောင်၏ကြီးကြပ်စောင့်ရှောက်သူဆိုသည့်သရုပ်သုံးခုပါရှိခဲ့သည်။ သူကရှစ်စွင်းကိုကိုယ်ဝန်လွယ်ခွင့်ပေးခြင်းကဲ့သို့သောကိစ္စမျိုးကိုပါစိတ်ကူးယဥ်ခဲ့သည်။ အဲ့ဒါကြောင့်မို့သူအတွေးလွန်သွားတာကို ရှစ်စွင်းကအတည်မယူတာလား။

ယွမ်ပုရှုကတော့ ထိုအချိန်တုန်းကသူ"အရှင်(ကျူး)"ဟုပြောထွက်ခဲ့တာက "ရပ်လိုက်(ကျူးရှို့)"ဟုဆိုလိုနိုင်သကဲ့သို့ ချန်းမျန့်က"အရှင်(ကျူးရှန်)"ဟုခေါ်တာဖြစ်နိုင်သည်။ အဆုံးမှာတော့ထိုအချိန်ကချန်းမျန့်မှာသူအဖြစ်ဟန်ဆောင်နေသဖြင့် လူတိုင်းကချန်းမျန့်ကိုမိစ္ဆာအရှင်ဟုထင်သွားကြသည်။ ခြုံပြောရရင် မျက်မှော​က်ရှိလူတစ်ယောက်ကမှသူ့ကိုခေါ်သည်ဟုမထင်ကြပေ၊ ထိုအချိန်ကရှစ်စွင်းဟာလည်းချန်းမျန့်ကိုတိုက်ခိုက်နေသဖြင့် သူသတိမထားမိခဲ့လောက်ပေ။

ရှဲ့ကျင်းဟုန်မှာနေ့ဘက်တုန်းကချန်းမျန့်ကိုသတ်ပစ်ချင်လုမတတ်ဖြစ်သွားရပေမဲ့ အခုတော့တစ်ဖက်လူအဲ့တုန်းကသူအဖြစ်ဟန်ဆောင်​​နေခဲ့တာကောင်းသောအရာဖြစ်လောက်သည်ဟုသူခံစားလိုက်ရသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now