[၁၅၀] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.9K 553 12
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၂)။

သူ့မျက်ဝန်းထဲကစိတ်ခံစားချက်မှာချောက်နက်ပမာနက်မှောင်လှပြီး အလွန်ညှို့အားပြင်းလှသဖြင့် သူတစ်အောင့်ကြာစကားပြောရန်မေ့သွားရသည်။

သို့သော်တစ်ဖက်လူကအနားတိုးသထက်တိုးကပ်လာသဖြင့် သူအန္တရာယ်အရိပ်အယောင်ကိုအလိုလိုအာရုံခံမိသွားကာ သိပ်မဝေးသောနေရာမှာရှိနေသည့်ဝမ်ရင်နှင့်အခြားသူများကသူတို့၏ရင်းနှီးသောကိုယ်နေဟန်ထားကိုမြင်သွားမှာစိုးလို့ သူအလိုလိုလက်မြှောက်ကာအရံအတားတည်လိုက်မိသည်။

သို့သော်ဒီဟာကရှဲ့ကျင်းဟုန်ကိုအလိုလိုက်သလိုဖြစ်သွားကာ သူ့ကိုအတားအဆီးအနားကပ်လာစေသည်။

"ရှစ်စွင်း။" တစ်ဖက်လူ၏ပုံရိပ်ကသူ့ကိုတဝိုးတဝါးအုပ်မိုးသွားပုံမှာ သူ့ခါးကိုအသာဆုပ်ကိုင်ရုံမျှဖြင့်သူ့ကိုရင်ခွင်ထဲဆွဲသွင်းလို့ရသည့်အလား။

ဖိနှိပ်မှုအနည်းငယ်ကိုခံစားမိတော့ လင်ခုံးလုအလိုလိုခေါင်းမော့လိုက်ပြီး သူ့မျက်နှာထားမှာတည်ငြိမ်ပုံပေါက်ပေမဲ့ သူ၏မျက်တောင်မွှေးများမှာတော့မသိမသာလှုပ်ခတ်လို့နေသည်။ သူကရှဲ့ကျင်းဟုန်ကူဝတ်ပေးထားသည့်ဝတ်ရုံနီကိုဝတ်ထားတုန်းဖြစ်ပြီး သူ၏ငွေရောင်ဆံပင်မှာမသိမသာဖရိုဖရဲဖြစ်လျက် သူဟာအေးစက်ကာကြီးမြတ်လှသည်။

ရှဲ့ကျင်းဟုန်ကသူ့ကိုအဝတ်ကူလဲပေးခဲ့စဥ်ကမြင်ကွင်းကိုပြန်မြင်ယောင်ကြည့်မိကာ သူ့မျက်လုံးနက်မှောင်သွားပြီး ကိုယ်ကိုင်းကာနားထဲမှာတီးတိုးဆိုလိုက်သည်။
"ကျွန်တော်ရှစ်စွင်းကိုစိတ်ကျေနပ်မှုရှိတယ်၊ ရှစ်စွင်းကော...ကျွန်တော့်ကိုစိတ်ကျေနပ်မှုရှိရဲ့လား။"

လင်ခုံးလုမှာသူ၏အငွေ့အသက်များထံမှလုံးဝလွှမ်းမိုးခံလိုက်ရပြီး သူ့ဦးရေပြားထုံကျင်သွားရပေမဲ့ ထို့နော​က်တစ်ခုခုမှားနေမှန်းသတိထားမိသွားသည်။

အိပ်မက်၏လွှမ်းမိုးမှုအောက်မှာ သူတို့ကမသေမျိုးလက်တွဲဖော်များဖြစ်နေပြီးဖြစ်ကာ သူတို့ကအလွန်ချစ်ကြပြီး သူတို့က....ကလေးပင်ရနေပြီဟုရှဲ့ကျင်းဟုန်ကအမြဲထင်နေခဲ့တာကို ဘာလို့ရုတ်တရက်ကြီးအချစ်ကိုဝန်ခံပြီးတော့ သူလဲသူ့ကိုသဘောကျလားလို့မေးလာရတာလဲ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Opowieści tętniące życiem. Odkryj je teraz