လွမ်းဆွတ်သတိရခြင်း

Start from the beginning
                                    

ဒီလိုရွာတည်ရတဲ့ ရည်ရွယ်ချက်က သူပုန်အဖြစ်ကနေ ဖီးနစ်ကို အကျိုးပြုမယ့် သူတွေဖြစ်လာတာလိုချင်လို့ပါပဲ။ Fourth က ပထမဆုံး သွေးထွက်သံယိုဖြစ်တာမျိုး အသက်ဆုံးရှုံးတာမျိုးမဖြစ်ဘဲ သူပုန်တွေကို စည်းရုံးနိုင်ခဲ့သူဖြစ်တယ်။ Fourth ဦးဆောင်တဲ့ ဒီလိုလွတ်လပ်မှုနဲ့ စေ့စပ်ညှိနှိုင်းမှုတွေက နောက်ဆုံးမှာ ဖီးနစ်အတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ သူတို့ပေးခဲ့တာ နေဖို့နေရာလေးတစ်နေရာပေမယ့် သူတို့ပြန်ရတာ ဖီးနစ်သစ္စာခံလူမျိုးစုတစ်စုလေ...

ဒါကို နယ်စပ်စီမံကိန်းပရောဂျက်လို့လဲ ခေါ်တယ်။ ရွာတည်တဲ့နေရာက ပင်လယ်အော်ဘက်ဖြစ်ပြီး တစ်ဖက်မှာ လူသိပ်မနေတဲ့ မန်ဂျက်စတစ်ရဲ့ အစွန်ပိုင်း၊ တစ်ဖက်မှာ ဖီးနစ်ရဲ့အစွန်ဆုံးနေရာနဲ့ ဆက်စပ်နေလို့ပေါ့...ဒီအထူးအဖွဲ့က ငါးဖမ်းသမားတွေအဖြစ်လဲ လုပ်ကိုင်တာမို့ ရန်သူတွေ ရိပ်မိမှာစိုးရိမ်စရာမရှိပါဘူး။

"Fourth တောင်းပန်တယ် အစ်ကို မရည်ရွယ်_"

Fourth က ခပ်ရေးရေးပြုံးပြတယ် "ကျွန်တော် နားလည်ပါတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတိပေးခဲ့တဲ့အလုပ်ပဲမလား? ကျွန်တော် ကတိမတည်တဲ့သူမဖြစ်ချင်လို့ပါ" Fourth က ဆက်ပြောလာတယ် "အဲ့တာဆို ကျွန်တော်သွားတော့မယ်နော် Lunaစောင့်နေတော့မယ်" Markကို ဂါ၀ရပြုပြီး အခန်းထဲက ထွက်သွားတယ်။

တံခါးနောက်မှာ တဖြည်းဖြည်း ပျောက်သွားတဲ့ သူ့ညီလေးရဲ့ နောက်ကျောကို Mark ၀မ်းနည်းစွာကြည့်ရင်း ကျန်ခဲ့တယ်။ "တကယ်လို့များ..." သူ သက်ပြင်းချလိုက်ပြီး လုပ်လက်စ အလုပ်သာ ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။

***

ခြေသံသဲ့သဲ့က Luna နန်းဆောင်ကို ဦးတည်နေတယ်။ ကတိပေးထားတဲ့အတိုင်း omega နဲ့ ပက်သက်သမျှ လေ့လာနိုင်ဖို့ View ဆီ Fourth သွားနေတာ။

Viewက သူ့မတ်လေးကို ပြုံးပြရင်း ဘေးမှာထိုင်ဖို့ အမူအရာနဲ့ပြတယ်။ "နောက်နှစ်လဆို အပြာရောင်လကြတ်တော့မယ် ဘယ်လိုခံစားရပါသလဲ မင်းသားလေး?" View သူ့ရှေ့က မြင်ကွင်းကို စူးစမ်းနေမိတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက Mark လက်ဆောင်အဖြစ်ပေးခဲ့တဲ့ သာမာန်ဥယျာဉ်လေးတစ်ခု။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now