အပိုင်း။၄၆။ခင်ဗျားကိုလာထိရင်အကုန်သတ်ပစ်မယ်

Magsimula sa umpisa
                                    

"သိဖူး ဘဘားမွေးထားတာ"

"ငါမွေးထားတာလို့ပြောနေတယ်လေ၊ငါမင်းစားဖို့မုန့်ကအစ ဖင်ထဲအခုခံထားတဲ့
အီးခံအဆုံး ငါ့ပိုက်ဆံနဲ့ဝယ်ထားတာ ဒါကြောင့်မင်းငါ့ကိုပဲချစ်ရမယ်။"

"ချစ်ဝူး လူဂျိုးကောင်"

"ခေါ်ပြန်ပြီလား ငါကိုက်ရမလား"

"ဝါးး ဘဘားယေ ဝါးးးး"

"တိတ်ထား မင်းပါပါးအိပ်နေတယ် အသံမထွက်နဲ့
...ဟာ...ဟဲ့ရောင်ဘယ်သွားဖို့လဲ"

ချီထားသောသူ့ကိုယ်ပေါ်ကတွန်းဆင်းကာ
အိမ်ထဲထဲသို့ကားယားကားယားနဲ့ဝင်သွားသူ....

သူသိနေတယ်လေ
သဲတုန်အခုဘယ်ကိုသွားနေတာကို

လုံးဝအချော့မခံပဲခေါင်းမာနေသူလေးကိုေပွ့လိုက်ပြီး အခန်းတံခါးဖွင့်ကာ ထည့်ပေးလိုက်တော့
သူအဖေအိပ်နေတာကိုကြည့်ပြီးပျော်နေသူ

အိပ်ယာပေါ်ချီတင်ကာချပေးလိုက်တာနဲ့
အိပ်ယာအိအိပေါ်ကွတကွတနဲ့
ထိုလူ့အနားသွားကာ
ချိူချိုစို့နေပြန်သည်။

ဒီကောင်ဘာမှမရတာကို
အပိုတွေလုပ်ပြီးစို့နေတာလိုလည်းပြောမရ...
ဒီခလေးမပြောနဲ့ကိုယ်တောင်အခုထိစို့ကောင်းနေဆဲမဟုတ်ပါလား. 

ကျန်တဲ့လူတွေကိုသာတိုချင်တိုလို့ရမယ် သဲတုန်ကိုတော့ဘယ်တော့မှတားလို့မရ
ကိုယ့်အပိုင်ဆိုပြီးတားရအောင်လည်းသူ့ကိုယ့်သား။
သဲတုန်ဆိုတာကဖအေ့မုန့်ကိုခွဲတမ်းဝင်ယူနေတဲ့
လူဆိုးကောင်၊

သူ့ပါပါးကလည်းခလေးလေးအနားရောက်ကာ
နို့စို့လိုက်တာနဲ့ မျက်လုံးမဖွင့်ရက်နဲ့တောင်
ခလေးကျောလေးအား ပွတ်ပေးနေခဲ့သည်။
သူဒီမြင်ကွင်းမျိုးမမြင်ရတာဘယ်လောက်တောင်ကြာနေပြီလဲ။ချင်းမိုင်မှာဖြစ်ခဲ့တဲ့ကိစ္စအပြီးသူတို့မိသားစုဟာတကွဲတပြားဖြစ်ခဲ့ရသည်။

ဟိုကောင် တွေဘာဖြစ်သွားလဲကိုတော့ဒီလူသိလိမ့်မယ်မထင်။ထုံးစံအတိုင်းတရားဥပဒေနဲ့ရှင်းလို့မရတဲ့ကောင်တွေကို
သူတို့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်းသူတို့ပုန်းအောင်းနေသောခေါင်သော နယ်စပ်မှာတင်
ကြေးစားသမားများနဲ့သူရှင်းခဲ့ပြီးလေပြီ။

ရန်သူ OTP ver S1 and S2Tahanan ng mga kuwento. Tumuklas ngayon