သူတို့ကြားက ဆက်နွယ်မှု

Começar do início
                                    

Gemini သူ့Alphaသေးသေးလေးရဲ့ ပုခုံးကို ဖွဖွလေးပွတ်ပေးမိရင်း "မင်း မနေ့က နေလို့မကောင်းဘူးလေ လက်ဆက်တာပဲဖြစ်ဖြစ် ကိုယ်နဲ့ သရဖူကို အပ်နှင်းခံတာပဲဖြစ်ဖြစ် လုပ်ဖို့ မင်းမှ အဆင်သင့်မဖြစ်သေးတာ...ကိုယ်လဲ အဲ့လိုပဲ မင်းအကြောင်း လေ့လာဖို့ အများကြီးလိုသေးတယ် ကိုယ်တို့ သေချာအဆင်သင့်မဖြစ်သေးဘဲ လက်ဆက်လိုက်ရင် ပြဿနာတွေဖြစ်လာနိုင်တယ်လေ ကိုယ့်ရဲ့ ရင့်ကျက်နေတဲ့လူကြီးလေးက နားလည်တယ်မလား?"

"ဒါပေမယ့် အိမ်ရှေ့စံ_"

ပြန်ပြောဖို့လုပ်နေတဲ့ Fourth သူ့ရှေ့က သူနဲ့နီးကပ်စွာ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့အမျိုးသားကြောင့် လည်ချောင်းထဲကနေ စကားတွေ ထွက်မလာတော့သလို ရင်‌တွေလဲခုန်သွားမိတယ်။ တကယ်ကို သူက ဒီမြတ်နိုးရတဲ့အကြည့်တွေထဲ ကျဆုံးနေပြီပဲ!

"ကျွန်တော် နားလည်ပါတယ်"

မန်ဂျက်စတစ်တိုင်းပြည်က မင်းသားလေး နှစ်ခြိုက်တဲ့ ဖီးနစ်ရဲ့ ထရစ်လို့ခေါ်တဲ့ အထူးလက်ဖက်ရည်။ ခွက်ထဲက လက်ဖက်ရည်တွေကတော့ ခွက်ပိုင်ရှင်က တန်းမသောက်ဘဲ သူချစ်ရတဲ့မင်းသားလေးနဲ့ မအားလတ်အောင် စကားပြောနေတာမို့ အေးကုန်ပါပြီ။ Gemini စိတ်လိုလက်ရ ပြုံးလိုက်တယ်။ ထရစ်လက်ဖက်ရည်သောက်ရင်း မင်းသားလေးFourthနဲ့ စကားပြောနေရချိန်က သူ့အတွက်တော့ အကောင်းဆုံးအချိန်ပါပဲ! အခုတလော အာရုံတွေများပြီးရှုပ်နေတဲ့ သူ့ခေါင်းကို ခဏပဲဖြစ်ဖြစ် အေးသွားစေတယ်လေ...

"မင်းက အလိုလိုက်ခံထားရလို့ အချွဲလေး ဖြစ်လာတယ် ဟုတ်တယ်မလား? အရင်တုန်းကဆို ရှက်ပဲရှက်နေတတ်တာလေ" သူ့Alphaကိုကြည့်ရင်း Gemini မှတ်ချက်ပေးလိုက်တယ်။

တော်၀င်မင်းသားတွေနဲ့ မင်းသမီးတွေအတွက်တော့ အချစ်ဆိုတာလဲ သင်ယူရတဲ့ သင်ခန်းစာတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့နဲ့အမှတ်တူတဲ့လူတွေနဲ့သာ လက်ဆက်ရမှာမို့လို့လေ....ကြင်ဖက်က ကံကြမ္မာအရ ဖန်တီးပြီးသားဆိုပေမယ့် တကယ်လက်တွေ့မှာ တွေ့ဆုံဆက်ဆံရတဲ့အခါ အဆင့်အတန်းမတူရင် ရှုပ်ထွေးမှုတွေရှိလာနိုင်လို့ပဲဖြစ်တယ်။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Onde histórias criam vida. Descubra agora