~ အပိုင်း - ၆ ~

864 48 5
                                    

                         တကယ်ချစ်မိနေပြီ

                             ***********

" Lemon Tea 6 ခွက် ... တစ်ခွက်က ရေခဲများများ ... ok ... order ကတော့ ready ဖြစ်ပြီ ... ဆိုတော့ "

Deli ပို့ရမဲ့ juice တွေကို သေချာထုတ်ပိုးပြီး ပန်းငယ် ကိုဇင်ကို လှမ်းကြည့်ကာ ....

" ကိုဇင်ရေ ... ပန်းငယ် order သွားပို့ပြီနော် "

" ဟုတ်ပြီ ပန်းငယ် ... ဘယ်နားလေးတဲ့လဲ "

" ဒီမြို့လည် ကျောက်တိုင်ကွင်းနားပါ "

" ok ... ok Deli ခ တစ်ထောင်နော် ... အစ်ကိုကိုတော့ juice ဖိုးပဲပေး ... Deli ခက ပန်းငယ်အတွက်
bonus "

" ဟုတ်ကဲ့ပါ သူဌေး ... bonus ကြောင့် ပိုကြိုးစားလုပ်ပါ့မယ် ... နောက်လည်း များများပေးပါ "

သူဌေးဖြစ်ပြီး သူဌေးလို့ ခေါ်ရင် မကြိုက်တဲ့သူကို စနောက်လိုက်တော့ ကိုဇင်က မျက်စောင်းကြီး ရှယ်ထိုးလို့ပါ။ပန်းငယ်ကလည်း လည်ပြီးသား။ရန်တွေ့တဲ့အထိမစောင့်ဘဲ ခေါ် ပြီးတာနဲ့ order ထုပ်ဆဲွဲပြီး တန်းပြေးပစ်သည်။

တကယ်တော့ ခုဆို ပန်းငယ်အတွက် အစ်ကိုတစ်ယောက်ရနေသလိုပါပဲ။သူကတော့ တခြားလူမဟုတ်။ပန်းငယ်ရဲ့ သဘောကောင်းလွန်းတဲ့ သူဌေးကိုဇင်ပါ။ပန်းငယ်အတွက်လည်း ဒီလိုအလုပ်ရှင်နဲ့တွေ့ရတာ ကံတော်တော်ကောင်းသည်။ ကိုဇင်က ပန်းငယ်အပေါ် အလုပ်သမားလိုမဆက်ဆံဘဲ ညီမအရင်းလေးလို့ ဆက်ဆံပေးတာကို။ တစ်ခါတစ်ရံဆို အစ်ကိုက ပန်းငယ်ကို အလုပ်ခိုင်းတာမဟုတ်ဘူး ၊ အစ်ကို အလုပ်မနိုင်လို့ အကူအညီတောင်းတာဆိုပြီး အလုပ်သမားအပေါ်ကိုလည်း respect ရှိပြီးသား။ ရသမျှ deli ခဆိုလည်း သူယူတာမျိုးမရှိ။deli ခမှန်းသမျှ ပန်းငယ်ကို bonus ပဲပေးတော့ ပန်းငယ်အတွက် လစာအပြင် မုန့်ဖိုးလေးပါရသည်။ဒါကြောင့်လည်း deli ဆိုတိုင်း ​ပန်းငယ် အပြေးလေးပို့ရတာအမော။

" ကျောက်တိုင်းကွင်းနားတော့ ရောက်ပြီ ... customer ကို ဖုန်းဆက်ရမယ် "

" .... "

" ဟယ်လို ... Doli cafe ကပါရှင့် ... မှာထားတဲ့ order လာပို့တာပါရှင့် ... ဟုတ် ... ဟုတ် ... ကွင်းထဲထိလား ... ဟုတ်ကဲ့ လာပို့လို့ရပါတယ်ရှင့် ... ခန်းမနာမည်လေးတစ်ချက်လောက် ... ဟုတ်ကဲ့ ခုပဲလာပြီရှင့် ကျေးဇူးပါ "

တောင်ပြာတန်းမှမောင့်အသည်းညှာ ( ongoing ) Donde viven las historias. Descúbrelo ahora