~ အပိုင်း - ၄ ~

1.6K 89 13
                                    

ဆွေးမြည့်မြည့် အဖျားပိုးလေး


*******

နေ့လည် ၁၂ တိတိဖြစ်သော မွန်းတည့်ချိန်ဖြစ်တာကြောင့် နေမင်းကြီးသည် အလယ်ဗဟိုတည့်တည့်တွင် အားကုန်နေရာယူကာ သူ့တာဝန်အတိုင်း အပူဓာတ်နဲ့အလင်းဓာတ်ကို အပြည့်အဝပေးစွမ်းနေလေသည်။နေဘယ်လောက်ပူပူပါ အအေးပိုင်းဒေသဖြစ်တဲ့ တောင်ကြီးမြို့လေးကတော့ နေရထိုင်ရခက်အောင် ပူလောင်ခြင်းမရှိ။ရာသီဉတုကအသင့်အတင့်နဲ့နေလို့ထိုင်လို့ ကောင်းလှသည်။

သို့သော် နေ့မွန်းတည်ချိန်မှာတောင် အရမ်းမပူသည့် တောင်ကြီးမြို့မှာနေပြီး ပန်းငယ်မှာ ပူလောင်နေရသည်။ပန်းငယ် ပူလောင်နေတာကလညျး တခြားကြောင့်မဟုတ်။အခုလက်ရှိ သူမရှေ့တွင် CV Form ကို အသေးစိတ်စစ်ဆေးနေသည့် ကောဖြီဆိုငပြိုငရြှငြ ကိုဇင်ကိုကြောင့်ပင်။

မနေ့ညက ပန်းငယ် လိုင်းသုံးနေတုန်း job in Tg ဆိုတဲ့ page ကနေ အလုပ်တစ်ခုတင်လာသည်။အချိန်ပိုင်းကော်ဖီဆိုင်ဝန်ထမ်းပေါ့။အလုပ်ချိန်ကလည်း နေ့လည် 12 ကနေ ည 7 ။လစာကလည်း တစ်သိန်းရှစ်သောင်း ။ ပိတ်ရပ်မှာတော့ အလုပ်ဆင်းပေးရမှာဖြစ်ပြီး ပိတ်ရပ်လုပ်ခကိုလည်းပေးအုံးမှာဆိုတော့ အဆင်ပြေလှသည်။ပိုပြီးအဆင်ပြေစေတဲ့အချက်ကတော့ အလုပ်ချိန်ပါ။နေ့လည် 12 မှအလုပ်လာရမှာဆိုတော့ မနက်ပိုင်းဆိုင် မမဆိုင်ကိုကူပေးလို့လည်းရသေးတယ်လေ။

" ညီမက အခုမှ အဝေးသင်ပထမနှစ်ပေါ့နော် ? "

ကိုဇင်ကိုသည် ပန်းငယ်ရဲ့ကိုယ်ရေးအကျဉ်းအား အစကနေအဆုံးထိသေချာဖတ်ပြီးမှ မေးလာခြင်းဖြစ်သည်။ငါးမိနစ်လောက် CV From ကို အသေးစိတ်စစ်ကြည့်ပြီးမှမေးလာတဲ့အတွက်ကြောင့် ပန်းငယ်လည်း ရင်အတော်ပူနေရသည်။

" ဟုတ်ပါတယ် ... အခုမှ distance frist year တက်မှာပါ ... ဒါပေမဲ့ ကျောင်းတက်ရင်တောင် အလုပ်ကိစ္စနဲ့လွတ်ပါတယ် ... အဝေးသင်ကျုရှင်က စေနေ တနင်္ဂနွေမှတတ်ရမှာပါ ... ပြီးတော့ ပန်းငယ် မနက်ပိုင်းကျုရှင်ချိန်ကိုယူထားတာပါ ... စာမေးပွဲနားနီးရင်လည်း အနီးကပ်ဆယ်ရက်ပဲ ခွင့်ယူဖို့စီစဉ်ထားပါတယ် သူဌေး "

တောင်ပြာတန်းမှမောင့်အသည်းညှာ ( ongoing ) Kde žijí příběhy. Začni objevovat