~ အပိုင်း - ၂ ~

1.6K 87 4
                                    

တွေ့ဆုံခြင်းအစ လိုက်ပွဲက

*******

တောင်ကြီးမြို့ရဲ့လပြည့်ရက်တစ်ရက်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုလိုဖြစ်လာသည့် လပြည့်နေ့တိုင်း ဘုန်းကြီးကျောင်းတက်ကြသော အလေ့အထတစ်ခုကြောင့် ယနေ့လို လပြည့်နေ့တွင် ဘုန်းကြီးကျောင်းတိုင်းတွင် ကျောင်းတက်လာကြသူများဖြင့် စည်ကားလျက်ရှိလေသည်။လာတက်ကြသူတိုင်းရဲ့ ရိုးရာပလိုင်းထဲတွင်လည်း အလှူစာကိုယ်စီထည့်ကာ ထိုရက်ဆိုရင် ဘုန်းကြီးကျောင်းတတ် ၊ တရားယူပြီး အလှူအတန်းပြုလုပ်ကြတာကလည်း ဒီမြို့ရဲ့ဓလေ့လို တစ်ခုဖြစ်သည်။

ရန်ကုန်မှာဆိုရင်တော့ သီတင်းကျွတ်လပြည့်နေ့လိုလပြည့်ကြီးမှမဟုတ်ရင် ဘုန်းကြီးကျောင်းသွားကြတာမျိုးတွေမရှိပေမဲ့ တောင်ကြီးမှာကတော့ လတိုင်းကျရောက်သည့် လပြည့်လကွယ်ရက်တိုင်းတွင် ဘုန်းကြီးကျောင်းသွားကာ သွားရောက်အလှူဒါနပြုကြသည်ကို ဘုန်းကြီးကျောင်းတက်ကြတယ်လို့ ခေါ် ကြသည်။ဘုန်းကြီးကျောင်းတက်ရာတွင်လည်း တစ်နေ့ထဲကို သုံးလေးငါးကျောင်းတက်ကာ တစ်နေ့ကုန် ကုသိုလ်ယူလေ့ရှိကြပြီး ထိုသို့အကုသိုလ်ယူရာတွင်လည်း အလှူစာပစ္စည်းများကိုယူဆောင်သွားလေရှိကြသည်။

အလှူစာပစ္စည်းဆိုတာကတော့ ရဟန်း သံဃတွေအတွက် ဆန် ၊ ဆီ ၊ ဆား နဲ့အခြားသော ပစ္စည်းဝတ္ထုများကို ပလိုင်းထဲတွင်ထည့်ကာ လှူဒါန်းကြတာမို့ ဒီဘက်ဒေါသအခေါ်အဝေါ် နဲ့ဆိုအလှူစာလို့ခေါ် ကြသည်။ထို့ကဲ့သို့သော အလေ့အထကိုလည်း မြို့ခံနယ်ခံတွေသာ သိတာများပြီး တကယ့်ကိုမြန်မာလူမျိုးပီသကြသည့် အလေ့အထလေးဆိုလည်းမမှားပေ ။

" ပန်းငယ် ... မမ ကျောင်းတိုင်ဘုန်းဘုန်းနဲ့ ဆိုင်ကိစ္စသွားတွက်ချက်လိုက်ဉီးမယ် ... ဇမ္ဗူလေးကို ကြည့်ထားပေးဉီး "

ဘုန်းကြီးကျောင်းရှေ့ရောက်ရောက်ချင်း အစ်မပြောတဲ့စကားကို ပန်းငယ်ခေါင်းငြိမ်လက်ခံမိသည်။ပန်းငယ်တို့ ဒီနေ့ ဘုန်းကြီးကျောင်းကို ရောက်လာရတာကလည်း ဒီကျောင်းက ကျောင်းတိုင်ဆရာတော်ကြီးနဲ့ စီးပွားရေးကိစ္စတွက်ချက်ဖို့ပဲလေ။တိုက်ဆိုင်ချင်တော့ လပြည့်ရက်နဲ့တိုက်နေတာမို့ ကျောင်းထဲမှာလည်း လူအတော်ရှုပ်နေတာကြောင့် ပန်းငယ်လည်း ကျောင်းတိုင်ဆောင်အထိမလိုက်ချင်ပါ။

တောင်ပြာတန်းမှမောင့်အသည်းညှာ ( ongoing ) Where stories live. Discover now