~ အပိုင်း - ၅ ~

731 48 2
                                    

         အနားမညီသောမျဉ်းပြိုင်များရဲ့ဆုံမှတ်

                              ************          

မိန်းလမ်းကနေတစ်ဆင့် ရပ်ကွက်တစ်ခုရဲ့ လမ်းကြားထဲသို့ ပန်းငယ်ရဲ့ဆိုက်ကယ်တရုတ်ဘီးလေး တရွေ့ရွေ့မောင်းနှင်လာသည်။မြေပြန့်သူမို့လားမသိ ဆိုင်ကယ်စီးတာတော့မကျွမ်းသေး။အရှိန်ဖြေးဖြေး တုံတုံနဲ့သာ သူငယ်ချင်းမကြီး နန်းကောက်ညှင်းအိမ်ကို ဘေးမရှိရန်မခရောက်အောင် မောင်းသွားရသည်။

အဘွားအိုမောင်းသလို တုံတုံချိချိရောက်လာတဲ့ ဆိုင်ကယ်လေးဟာ နန်းကောက်ညှင်းအိမ်ရှေ့ရောက်ချိန်မှာတော့ ရပ်သွား၏ ။ခြံထဲအရိပ်အခြေကို ချောင်းမြောင်းပြီး ပန်းငယ် ဘဲယ်တီးရသည်။သူခိုးလို့မချောင်းလို်မရ။ကောက်ညှင်းမရဲ့ခွေးကြီး ဝမ်းဝမ်းက တယ်စွာတာကို။အကောင်ကလည်းကြီးတော့ အကိုက်ခံရရင်တကယ်မလွယ်ပါ။အနည်းဆုံးတော့ ဆေး၁၅လုံးထိုးရမှာ ကျိန်းသေပါပဲ။

" အယ် ... ဘဲယ်သံကြားလို့ထွက်လာတာ ... ဘယ်သူများလဲလို့ ... ပန်းငယ်ကိုး "

ဘဲယ်သံကြားလို့ ခြံတံခါးလာဖွင့်ပေးသူက ကောက်ညှင်းမဟုတ်ခဲ့။သူငယ်ချင်းမရဲ့ အကိုချောချောလေး အကိုကောက်ဖြစ်သည်။

" ဟုတ်တယ် ... အကိုကောက် ... ကောက်ညှင်းမစာအုပ်ပြန်လာပေးတာပါ "

" ေဩာ် ... ကောက်ညှင်းဆီလာတာလား ... သူကတော့ အခုမရှိသေးဘူး ညီမလေး ... မားမားနဲ့ ဘုံကျောင်းခဏပါသွားတယ် "

" ညတုန်းကျတော့ လာခဲ့ ... ငါအိမ်မှာရှိတယ်ဆိုပြီးတော့ "

" ကောက်ညှင်းကိုတော့ ပြောမနေပါနဲ့တော့ ... ပြောပြီး အမြဲတလွဲလုပ်တာ ... အခုလည်း ပန်းငယ်လာမှန်းသိရက် လိုက်သွားပါလေရဲ့ ... ဒါမဲ့ စိတ်မပူပါနဲ့ ... သွားတာကြာပြီဆိုတော့ ခဏနေပြန်ရောက်ကျတော့မှာပါ "

" ဟုတ်ကဲ့ "

" လာ ... ပန်းငယ် အိမ်ထဲမှာ ခဏလာဝင်စောင့် "

ပန်းငယ်လည်း သူငယ်ချင်းမကို ပေးရမဲ့စာအုပ်ကိုပိုက်ကာ စိုင်းကောက်မွေးခေါ်ရာကိုလိုက်သွားသည်။အတော်အသင့်ထဲ ခြံဝန်းထဲမှာရှိတဲ့ အိမ်ရဲ့ပထမထပ်ဧည့်ခံမှာ ပန်းငယ်ကို နေရာယူစေတော့ အခန်းဖွဲ့စည်းပုံကို မျက်လုံးလေးဝှေ့ကြည့်မိသည်။

တောင်ပြာတန်းမှမောင့်အသည်းညှာ ( ongoing ) Where stories live. Discover now