+အချပ်ပိုလက်ဆောင်+

295 51 1
                                    


လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကမှ မန်နေဂျာ၏ အမှာစကားကြောင့် ထယ်ရယ်ရော ရစ်ခီရော က အကြောင်သားဖြစ်ခဲ့ကြတာ။

Kcon HongKong ပွဲမှာ မင်းတို့ နှစ်ယောက် နဲနဲ ပိုကပ်ပြီးနေပေး ဆိုတာကြောင့် ထယ်ရယ်ရော ရစ်ခီရော တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင်လေးကြည့်ရင်း ခေါင်းသာ ကုတ်မိတော့တယ်။

မသိဘူးလေ..နီးနီးကပ်ကပ်နေဆိုတော့လဲ နီးနီးကပ်ကပ်ပေါ့။

စင်ပေါ်တက်ခါနီးမှာ ရစ်ခီက ထယ်ရယ့်အနောက်မှာ ရပ်ရတာကြောင့် ထယ်ရယ် အနောက်ကို စောင်းကာ လှည့်ကြည့်မိကာ

"ဝါး...စိတ်လှုပ်ရှားလိုက်တာ!"

"ကျွန်တော်ရောပဲ..ဗိုက်ကလဲ ဆာလိုက်တာ"

ရုတ်တရက်ကြီး စိတ်လှုပ်ရှားတယ်ပြောပြီး ဗိုက်ဆာတယ်လို့ပြောတဲ့ရစ်ခီကြောင့် ထယ်ရယ် ခွီးကနဲ ရယ်မိကာ

"အိုက်အီဂူး..ရစ်ခီရား..ဗိုက်ဆာလို့မဖြစ်သေးဘူးလေ"

ရစ်ခီက အောက်နူတ်ခမ်းကို ရှေ့သို့ တမင် ဆူပြတော့ ထယ်ရယ်က ရစ်ခီရဲ့ ပုခုံးကို တစ်ချက်ဖွဖွလေးရိုက်လိုက်၏။

စင်ပေါ်ရောက်တော့ ဂိမ်းကစားကြတဲ့အခါ ထယ်ရယ်နှင့် ရစ်ခီ အလှည့်ရောက်လာတာကြောင့် နှစ်ယောက်လုံးမိုက် ကိုယ်စီ ဖြင့် စင်ရှေ့သို့ထွက်လာကြတယ်။

ကစားရမယ့်ဂိမ်းက I love Youလို့ပြောပြီး ရယ်တဲ့ သူ ရှုံးကြေး!!!

ရစ်ခီ့ကို I love youလို့ စပြောရမယ့်သူက ထယ်ရယ်မို့ ရယ်ချင်တဲ့စိတ်ကို အောင့်အီးကာ အနားကပ်သွားလိုက်သည်။

ရစ်ခီ့အနားကို တိုးကပ်သွားတဲ့အခါ ရစ်ခီ ဆွတ်နေကျ ရေမွှေးနံ့ကိုရတယ်။ တစ်ပြိုင်နက် အောက်က ပရိတ်သတ်တွေဆီမှ တစ်စွန်းတစ်စအော်ဟစ်သံကိုလဲ ကြားနေရသည်။

"Ricky I love you"

စင်အောက်မှာ အော်မိသွားကြတဲ့ ပရိတ်သတ်တွေနဲ့အတူ ရစ်ခီက ထယ်ရယ်ပြောလိုက်တဲ့ "Ricky I love you"ကို ဖြုံတောင် မဖြုံဟန်။

အဲ့ဒါမို့ ထယ်ရယ်က စိတ်ထဲမှာ ရစ်ခီ ကောင်းကောင်းတောင့်ခံနိုင်တာပဲလို့တွေးမိသည်။

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now