ဇာတ်လမ်းတို(၆)

510 70 6
                                    



"သားကြီးရေ အောက်ဆင်းခဲ့ဦးဟေ့"

အမေရဲ့ ခုနစ်အိမ်ကြား၊ရှစ်အိမ်ကြားအော်ခေါ်သံကြောင့် ထယ်ရယ် စာလုပ်နေရင်း ခေါင်းလေးထောင်လိုက်ပြီး ရေးလက်စ စာကို ခဏရပ်ထားပြီး အောက်ထပ်ကို အပြေးဆင်းသွားတယ်။

ပြောစကားနားထောင်ချင်လို့မဟုတ်ဘူးနော်၊ အမေ့ရဲ့ အသံဆူးဆူးကို ထပ်မကြားချင်တော့လို့။

လှေကားလက်ရမ်းတွေကို ကိုင်ပြီး ပြေးဆင်လာတဲ့ ထယ်ရယ်က လုံးလုံးလေးနဲ့ မို့ ချစ်စရာသိပ်ကောင်းတယ်။ ခုမှအလယ်တန်းတက်ခါစ ထယ်ရယ်က အလယ်တန်းကလေးလေးလို့ မထင်ရလောက်အောင် ရင့်ကျင့်လွန်းတယ်။

လှေကားအောက်လဲရောက်ရော ထယ်ရယ်ရဲ့ မျက်လုံးမကျဉ်းမကျယ်လေးတွေက အံ့ဩသွားတယ်။ မေမေတို့က အပြင်သွားဖို့ ပြင်ဆင်နေတာပဲ။ သူ့ကို ကျ ဘယ်တော့မှ အပြင်မခေါ်သွားဘူး။ အဲ့ မေမေကတော့လေ ထယ်ရယ့်ကို အမြဲ စိတ်တ်ိုအောင် တစ်အားလုပ်တာပဲ။

ဒါပေမဲ့ ထယ်ရယ်က သူစိတ်တိုနေကြောင်းကို ဘယ်တော့မှ မပြတတ်တော့ မေမေကလဲ စိတ်တိုမှန်းမသိဘူးပေါ့။

"သားကြီး မေမေ အပြင်ခဏသွားလိုက်ဦးမယ်"

ကြည့် ကြည့်! မေမေတို့က ထယ်ရယ် ကို ထုံးစံအတိုင်း အိမ်စောင့်ခိုင်းပြန်ပြီ။ ဒီနေ့ လဲ အငယ်ကောင် အဆိုးအသွမ်းကို ထိန်းရဦးမယ့် ထယ်ရယ်ကို ဘယ်သူမှ မသနားတော့ဘူးလား။

ထယ်ရယ်က ဆယ်နှစ်။
ဂယူဘင်းက ရှစ်နှစ်။

မေမေကတော့ ထယ်ရယ်ကို ယုံပြီး သူ့သားငယ်ကို သေချာ ကြည့်ထားပေးဖို့ မှာသွားတာပဲ၊ ဒါပေမဲ့ ဒင်းက ပြောစကား နားထောင်မှာတဲ့လား။ နေ အနောက်ရပ်ကနေပဲ ထွက်လာလ်ိမ့်မယ်၊ ဂယူဘင်းနဲ့ သူက ဘယ်တော့မှ တည့်မှာမဟုတ်။

"သားငယ်ကိုလဲ ကြည့်ထားပေးဦး"

"ဟာ..မေမေကလဲ သူက ကလေးမှမဟုတ်တော့တာ ပြီးတော့ သား စာလုပ်ရဦးမယ်"

"ကဲ..သားကြီးက လိမ္မာပါတယ်...သွားသွား သားငယ်နှင့် သူ့သူငယ်ချင်းနား သွားနေ"

မေမေရဲ့ စကားကြောင့် ထယ်ရယ်ရဲ့ နူတ်ခမ်းတွေ ဆူလဲ ပုတ်လားသလို မျက်မှောင်လဲ ကြုတ်လာပြီး အမေးမျက်လုံးတွေ ဖြစ်လာတယ်။

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now