ဇာတ်လမ်းတ်ို(၂)

836 99 33
                                    

                         ၂//အချစ်သည်လေပြေ။


"အား..ရှီး အာရုံပဲ"

အဝေးကနေ ကဆုန်ပေါက်ပြီးလာနေတဲ့ အမြင်ကတ်ရတဲ့လူကြောင့် ရစ်ခီ မနက်စောစောစီးစီး စိတ်မကြည်တော့တဲ့ အလျောက် မျက်ခုံးနှစ်ဖက်က ထိလုမတတ်ဖြစ်သွားရပြီ။

အဲ့လူက ရပ်ကွက်မတူတာတောင်မှ ရစ်ခီတို့နေတဲ့ရပ်ကွက်ကို တစ်ကူးတစ်ကလာပြီး စိတ်အနှောင့်အယှက်ပေးလွန်းတယ်။

အဲ့လူက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းက တစ်စုံတစ်ယောက်အတွက်တော့ မပြည့်တဲ့ပုံပါပဲ။

အညှိုးရန်လဲမရှိပါပဲ မုန်းရခြင်းမျိုးမဟုတ်ရပါ။
ထယ်ရယ့်ကိုတွေ့တာနဲ့ ရစ်ခီက စိတ်ရှုပ်လာရပြီး တစ်ခါတစ်လေ အဲ့လူကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားရင် ကောင်းမှာပဲလို့ ဆုတောင်းဖူးတယ်။

အရင်ဘဝက ရန်သူတွေမို့လို့များလားလို့ တွေးရအောင်လဲ သူ့ချည်းကပဲ ကြည့်လို့မရဖြစ်နေတာ။

ဟိုကဖြင့် ရစ်ခီ့ကိုတွေးတာနဲ့ ဝမ်းသာအားရ တန်ဖိုးရှိတဲ့ရွှေထုတ်ကလေးလို သဘောထားတာ။

"အပြင်သွားမလို့လား အစ်ကိုလဲလိုက်မယ်လေ"

ကြည့်! တကယ့်ကိုအရှုပ်အထုတ်ပဲမဟုတ်လား။
သူများတစ်ကာ အပြင်သွားမှာကို သူက ဘာလိုက်လုပ်မှာလဲ။

"သူငယ်ချင်းတွေနဲ့သွားမှာ"

ဘယ်လောက်ထိ မျက်နှာပြောင်တိုက်သလဲဆိုရင် ရစ်ခီက မလိုက်စေချင်တဲ့ အမူအရာ နဲ့ ပြောနေတာတောင် မရမက သူလဲလိုက်ချင်တယ်တဲ့။

ကင်မ်ထယ်ရယ်ဆိုတဲ့လူက အဲ့လောက်တောင် မျက်နှာအရိပ်အကဲ မခတ်တတ်ဘူးလားဟ!!

အမြတ်ကတ်စရာကြီး..ကျက်သရေ နဲနဲမှကိုမရှိဘူး။

အရင်ဘဝက ဘာတွေများ ထယ်ရယ့်အပေါ်လုပ်ထားမိလို့ လဲ။

အကြောင်းပြချက်မရှိပဲ ကြည့်မရဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ရစ်ခီ အံ့ဩရပါသည်။

ကင်မ်ထယ်ရယ်နဲ့ တစ်နေကုန်ဖြတ်သန်းရမယ့်အစား၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတာကိုပဲ ဖြတ်လိုက်မှာ။

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now