ဇာတ်လမ်းတို(၉)

313 48 2
                                    



လမ်းထိပ်တွင် ဘတ်စ်စကတ်ဘော ကစားတဲ့ကွင်းတစ်ကွင်းရှိ၏။ ညနေပိုင်း အထက်တန်းကျောင်းဆင်းချိန် ဆိုရင် ကျောင်းသားတွေ တော်တော်များများ အုပ်စုဖွဲ့၍ လာကစားလေ့ရှိသည်။

ထိုကွင်းရဲ့ လမ်းတစ်ဖက်မှာ ထယ်ရယ် အချိန်ပိုင်းအလုပ်လုပ်တဲ့ စတိုးဆိုင်တစ်ခုရှိသည်။ ထို့ကြောင့် ထိုအထက်တန်းကျောင်းသားများ ဘတ်စ်စကတ်ဘော ကစားပြီးလျှင် ထယ်ရယ် အချိန်ပိုင်းလုပ်တဲ့ စတိုးဆိုင်သို့ လာရောက် ခေါက်ဆွဲပြုတ် စားကြလေ့ရှိတယ်။

ထို အထက်တန်းကျောင်းသားလေးတွေဟာ နေ့တိုင်း လာကြလွန်းလို့ အကုန်လုံးနီးကို မျက်မှန်းတန်းမိနေပြီ။ ထိုအထဲမှာမှ ပိုပြီးမှတ်မိစေတဲ့ အထက်တန်းကျောင်းသားလေးက တစ်မူထူးခြား၏။

ဆံပင်တစ်ခေါင်းလုံးကို ရွှေအိုရောင် ဆိုးထားပြီး ခပ်မိုက်မိုက်နဲ့အထာကျကျ အသွင်ကို ဆောင်ထားတဲ့ ကောင်လေးက အရပ်လဲရှည်တာမို့လို့ ထင်းထွက်နေသည်။

ဆံပင်အရောင်က သဘာဝအရောင်ဟုတ်မနေ...ကျောင်းကဘာမှမပြောဘူးလားမသိ။

ရုပ်ရည်ကတော့ အတော်ချောတဲ့ထဲမှ ပါပြီး အကယ်၍ အပြင်ဝတ်စုံကိုသာ ဝတ်ရင် အထက်တန်းကျောင်းသားလို့ ထင််မိမှာမဟုတ်။

ပိုပြီး အံ့ဩစေတာက ထိုကောင်လေးသည် ကိုးရီးယား လူမျိုးမဟုတ်ကြောင်း သူ့ရဲ့ သူငယ်ချင်းတွေဆီမှ တစ်ခါတစ်ခါ 'ချွမ်ရွေ့' ဆိုတဲ့ အမည် နာမကို တစ်စွန်းတစ်စကြားရတာမို့ တရုတ်လူမျိုးဖြစ်နိုင်သည်။

သူတို့အဖွဲ့က စတိုးဆိုင်ကို နေ့တိုင်း လိုလို ဘတ်စ်စကတ်ဘောကစားပြီးတိုင်း လာတတ်ပြီး ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကိုသာ ဝယ်စားလေ့ရှ်ိတာမို့လို့ ထယ်ရယ် သူတို့ကျန်းမာရေးကို စိတ်ပူမိပါ၏။

ခေါက်ဆွဲပြုတ်ချည်း မဟုတ်ပဲ အခြားအမယ် တစ်ခုခုကို ဝယ်စားကြပါရော့လား။

ဒါပေမဲ့လဲ အင်းပေါ့လေ...အားကစားလုပ်ပြီးရင် စားဖို့က ခေါက်ဆွဲပြုတ်က အကောင်းဆုံးလို့ သူတို့က ထင်ချင်ထင်ကြမှာပေါ့။

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now