ဇာတ်လမ်းတို(၁၀)

292 54 5
                                    



ယောကျာ်းလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်နဲ့ လက်ထပ်ခြင်းမျိုးက လွယ်ကူလိမ့်မယ်လို့ ထင်ဖူးကြလား။

မရိုးရှင်းသလို ဝန်ပိရတဲ့ ခံစားချက်တွေဟာ မျိုးစုံပင်။
အချိန်ယူပြီး ခင််မင်သိကျွမ်းတဲ့ လူတစ်ယောက်နဲ့မဟုတ်တော့ တစ်ယောက်အကြောင်းတစ်ယောက် သိဖို့ အတော့်ကို အချိန်ယူရမည့်ပုံ။

ဒီလိုဖြစ်စေရတဲ့ အကြောင်းအရင်သည်ကား ချစ်ကြိုက်လို့ ယူထားကြတာမဟုတ်ပါပဲ..နှစ်ဖက်မိဘရဲ့ သဘောအရ ယူထားရခြင်းဖြစ်ပေသည်။

နှစ်ယောက်သားဆက်ဆံရေးသည် ဒီ့မတိုင်ခင် တွေ့ဖူးကြတာမဟုတ်။ မင်္ဂလာပွဲကိစ္စပြောဖို့ နှစ်ဖက်မိဘ ညစာ စားပွဲမှ စ၍ဝတ်စုံရွေးတဲ့အခေါက်အထိ တွေ့ဖူးတဲ့ အရေအတွက်က လက်ချိုးလို့ရသည်။

မိဘတွေရဲ့ ရည်ရွယ်ချက် က သူတို့ရဲ့သားတွေဟာ လက်ထပ်သင့်တဲ့အရွယ်ရောက်ပြီမို့လို့ ...ပြီးတော့ လိုက်ဖက်ကြတယ်လို့ မြင်မိလို့အခုလို မင်္ဂလာပွဲကိုစီစဉ်လိုက်သည်တယ်လေ။

သတို့သားနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် မတော်တဆ အကြည့်ချင်းဆုံခဲ့ရင်တောင် အလန့်တစ်ကြားဖြင့် အခြားနေရာသို့ အမြန်အကြည့်ပို့ရတဲ့ အဖြစ်။

မနေ့က သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ရိုးရှင်းစွာ ကျင်းပခဲ့ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

ရှန်ချွမ်ရွေ့ + ကင်မ်ထယ်ရယ် တို့၏ မင်္ဂလာပွဲ ဟု သည်ကား သတို့သားနှစ်ယောက်ရဲ့ဘဝတွင် အမှတ်ရဆုံး ဖြစ်နေပါလိမ့်မည်။

+

"ဟင်..အစ်ကို ဒီနေ့သွားစရာရှိတယ်ဆို!"

ပိတ်ရိုက်မို့လို့ နေ့လည် ၁၂ကျော်မှ နိုးလာတဲ့ ချွမ်ရွေ့က အပေါ်ထပ်ကနေဆင်းလာပြီး အောက်ထပ်ကိုဆင်းလာသည်။ အောက်ထပ်မှာ TVကြည့်နေတဲ့ ထယ်ရယ့်ကို မြင်တဲ့အခါ ချွမ်ရွေ့ အံ့ဩသွားရတယ်။

ထယ်ရယ်က သူငယ်ချင်းတစ်ယောက်နဲ့အပြင်ကို မနက်ကတည်းက သွားစရာရှိတယ်လို့  မနေ့ညက ပြောခဲ့တာ ချွမ်ရွေ့မှတ်မိ၏။

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now