𝐒𝐄𝐕𝐄𝐍 17

Start from the beginning
                                    

"အမေရိကန်ကအလုပ်တွေကြောင့် ဒီcompanyကို ဒယ်ဒီကဒုရှယ်ယာရှင်ဖြစ်တဲ့ဂန်မင်ယောင်းကို ဆီမံဖို့ရာ လွှဲပြောင်းပေးထားတာကိုတော့ အားလုံးလဲသိပြီးသားကိစ္စဖြစ်မှာပါ"

သူ့ရဲ့နှစ်ခုံကျော်တွင်ထိုင်နေသည့် ဂန်မင်ယောင်းကိုဂျောင်ကုမဲ့ပြုံးနှင့်စိုက်ကြည့်လိုက်တော့ ခေါင်းငုံ့ကာနှာဖူးပြင်တွင်လဲအရေးကြောင်းများပေါ်လာသည့်ထိမျက်မှောင်ကျုံ့လို့ထားသေးသည်။

"ခုကိစ္စက အမေရိကန်မှာရှိနေတဲ့ ဒယ်ဒီကိုဒုရှယ်ယာရှင်ဖြစ်တဲ့ဂန်မင်ယောင်းက လွဲမှားနေတဲ့ပိတ်စာရင်းတွေကိုပို့ထားပြီး companyကပစ္စည်းခိုးထုတ်နေတာပဲ "

သူ့စကားအဆုံးရှယ်ယာရှင်တွေအကုန် ဂန်မင်ယောင်းကိုမယုံနိုင်သလိုအကြည့်တို့ဖြင့်ကြည့်နေပေမယ့် ဘာမှပြန်မပြောပဲငြိမ်နေတဲ့ဂန်မင်ယောင်းကိုကြည့်ပြီး ဂျောင်ကုစိတ်ကျေနပ်မိသည်။

"companyကဒုဂန်‌မင်ယောင်းရဲ့ရှယ်ယာတွေကို အခုအပြန်တစ်ခါတည်းထုတ်သွားပါ ပစ္စည်းခိုးထုတ်မူနဲ့တစ်ခြားပြစ်မူတွေကြောင့်သိပ်မကြာခင် သက်ဆိုင်ရာရဲ့ဖမ်းဆီးမူ့အပေါ်လိုက်နာပေးပါ"

ဂျောင်ကုအပြောကြောင့် ငြိမ်နေသည့် ဂန်မင်ယောင်းကတောက်စ်ထ‌ခေါက်ကာ အစည်းအဝေးခန်းထဲကထွက်လို့သွားတာနဲ့။

"တရားခံဂန်မင်ယောင်းကို လူသေစေမူနဲ့အထက်ကဖမ်းဝရမ်းထွက်လာတာကြောင့် ရဲစခန်းကိုအသာတစ်ကြည်လိုက်ခဲ့ပေးပါ"

အစည်းအဝေးအခန်းထဲကထွက်တာနဲ့ ဖမ်းဆီးခံလိုက်ရသည့် ဂန်မင်ယောင်းကိုဂျောင်ကုလှည့်ကြည့်မိကာ ခနဲ့တဲ့တဲ့အပြုံးတို့အားဆင်မြန်းမိကာကြည့်လိုက်မိတော့သည်။

အစည်းအဝေးခန်းမထဲကျန်ရှိနေသေးသည့် ရှယ်ယာရှင်တွေကိုတော့။

"ခုကစဒီcompanyကိုကျွန်တော်ကိုယ်တိုင်ပြန်အုပ်ချုပ်သွားမှာပါ"

ဂျောင်ကုရှင်းစရာရှိတာရှင်းပြီး အသိပေးစရာရှိတာကိုတစ်ခါတည်းအသိပေးပြီးတာနဲ့ အစည်းအဝေးခန်းမထဲကအမြန်ဆုံးထွက်လာလိုက်တော့သည်၊ ဒယ်ဒီလူယုံကိုတွေ့တာနဲ့။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now