𝐒𝐄𝐕𝐄𝐍 3

3.6K 245 5
                                    

Unicode......

"လူရမ်းကား!!!!"

ကျယ်လောင်စွာပြောသည့်အသံကြောင့်
ဂျောင်ကုနားစည်ထက်ပင်အူသွားရသည်။

"လူရမ်းကားက ဘယ်လိုမျိုးလဲဆိုတာခဗျားသိအောင်ပြမယ်"

ထယ်ယောင်းဦးခေါင်းထက်သို့ငုံ့ကျလာသည့် ခေါင်းကြောင့် ရင်ဘတ်နှစ်ခုကြား  ကြားခံထားသည့် လက်လေးဖြင့် ထယ်ယောင်းအကြောက်အကန် သူ့‌အရှေ့ကရင်အုံကျယ်ကျယ်ကိုလက်ဖြင့် တွန်းထားမိပေမယ့်။

"မင်း!! အွန့်......."

သူ့နူတ်ခမ်းတွေကိုချက်ခြင်းဆိုသလို ထိကပ်လာသည့် လူရမ်းကား၏နူတ်ခမ်းတွေကြောင့် ထယ်ယောင်းမျက်ဝန်းတွေပင် ပြူးကျယ်လာရသည် သူ့ဦးခေါင်းအားအနောက်မှထိန်းထားသေးသည့် လက်တစ်စုံ။ ထယ်ယောင်းထိကပ်နေသည့်နူတ်ခမ်းတစ်စုံအားဝေးကွာစေရန်တွန်းဖယ်ကာ ရင်အုံကျယ်ကျယ်ကို လက်ဖြင့်ခပ်ပြင်းပြင်းထုနေပေမယ့် အရှေ့ကလူရမ်းကားကတော့ သူ့နူတ်ခမ်းလွှာအားစုတ်‌ယူနေသည်ကြောင့် ထယ်ယောင်းနူတ်ခမ်းလွှာ နှစ်ခုအားတင်းတင်းစိထားသည်မှာအလကားပေ၊ သူ့နူတ်ခမ်းအားစုတ်ယူနေသည့် နူတ်ခမ်းအား။

"အ့!!"

ထယ်ယောင်းအောက်နူတ်ခမ်းအား စုတ်ယူနေသည့် နူတ်ခမ်းသားအား သွားဖြင့်ကိုက်လိုက်ကာမှ သူ့နူတ်ခမ်းသားတွေမှဖယ်ခွာသွားယုံမကပဲ လူရမ်းကားကသူ့နူတ်ခမ်းအားလက်ဖြင့်အုပ်ကာ ဝေးကွာသွားသည့်ခန္ဓာကိုယ်နှစ်ခုကြောင့် ထယ်ယောင်းအနီးနားမှ ဓားအားယူကာ။

"မင်းရှေ့တိုးရဲ့တိုးကြည့်နော် မဟုတ်ရင်ဓားနဲ့ထိုးလိုက်မှာ ငါ့ကိုမလုပ်ရဲဘူးမထင်နဲ့"

မလုပ်ရဲဘူးမထင်နဲ့လို့ပြောနေသည့် အရှေ့ကအမျိုးသားလေး၏ အသံတွေပင်ခပ်တုန်တုန်ဖြစ်၍ ဓားကိုင်ထားသည့်လက်သည်လဲ အနည်းငယ်တုန်ရီလို့နေသေးသည် ဂျောင်ကုတစ်ဖက်လှည့်ကာပြုံးယုံမျှသာပြုံးလိုက်မိသည်၊ သူ့အရှေ့တိုးသွားလဲသူ့Babyကမလုပ်ရဲတာကိုသိတာမို့။

"တကယ်ထိုးရဲလို့လား ကျွန်တော်ကသေရဲတယ်နော် ခဗျားသတ်ရင်တော့"

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now