𝐒𝐄𝐕𝐄𝐍 11

2.6K 173 4
                                    

Unicode......

သူ့အားကျောခိုင်းကာ ထွက်သွားသည့် လူရမ်းကားအားကြည့်၍ထယ်ယောင်းမွေ့ယာထပ်၌မျက်နှာနှစ်ချလိုက်ကာ ငိုကျွေးမိတော့သည်။

"အဟင့်~~~~အင့်~~"

အချိန်ကြာမြင့်သည်တိုင် ထယ်ယောင်းငိုနေမိတာမို့ အခုဆို မျက်ဝန်းတွေကစပ်လိုပင်လာသည်၊ တံခါးဝအားလှမ်းကြည့်မိတော့ ထိုလူရမ်းကားကောင်ကပြန်၍ဝင်လာခြင်းမရှိ။

"ချစ်တယ်ပြောပြီး ပြစ်ထားတဲ့ကောင် မုန်းတယ် မုန်းတယ်လို့!"

မျက်လုံးတွေစပ်လာတာကြောင့် မျက်ဝောာင်ခတ်၍မျက်လုံးမှိတ်ထားမိဝောာ့ မျက်ရည်ပူတို့က ပါးပြင်ထပ်ကျဆင်းလာတော့သည်။

ထယ်ယောင်းငို‌ထားသည့်အရှိန်ရောနေမကောင်းချင်သည့်အရှိန်ရောကြောင့် တစ်ရေးမှေးကာအိပ်လိုက်မိတော့သည်။

.

.

.

ထယ်ယောင်းနိုးလာဝောာ့ မိုးပင်တော်တော်ခချုပ်လို့နေပြီ ထမလို့လုပ်တော့ သူ့ကိုယ်ပေါ်ကစောင်ကိုတွေ့တာကြောင့် ထိုလူရမ်းကားကောင် သူအိပ်နေတုန်းအခန်းထဲဝင်လာတာဖြစ်မည်၊ ထယ်ယောင်းအခန်းထဲမျက်စေ့ဝေ့ကာကြည့်လိုက်ပေမယ့် ထိုလူရမ်းကားကောင်၏အရိပ်ယောင်ပြင်မမြင်ရတာမို့။

"ဘယ်ရောက်သွားပြန်ပြီလဲ"

သူမွေ့ယာထပ်မှ ကျုံးထကာ အခန်းအပြင်သို့ထွက်လာခဲ့လိုက်တော့သည်၊အပြင်ရောက်တော့လဲ လူရမ်းကားကိုမတွေ့တာကြောင့် အောက်ထပ်ကိုဆင်းလာမိတော့ဧည့်ခန်းစားပွဲပေါ်က အရက်ပုလင်းကသူ့မျက်ဝန်းကိုဝင်လို့လာသည်။

ထယ်ယောင်းဧည့်ခန်းဆီသို့လျှောက်သွားလိုက်တော့ ဆိုဖာထပ်၌ နှာဖူးပေါ်လက်တင်ထားသည့်အမူးသမားကိုထယ်ယောင်းတွေ့တော့သည်။

"ဘယ်လောက်တောင်သောက်ထားတာလဲမသိဘူး အရက်နံကဆူးထောင်းနေတာပဲ"

နှာခေါင်းရှေ့လက်ဖြင့်အနံသတ်တို့အားဖယ်ရှားမိတော့သည်။

ဂျောင်ကုနှာခေါင်းထဲဝင်လာသည့် အနံလေးကြောင့် မှိတ်ထားသည့်မျက်ဝန်းအားဖွင့်ကြည့်မိတော့ သူ့အားငုံ့ကြည့်နေသည့် မျက်ဝန်းလေးနှင့်တည့်တည့်စုံသည်။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now