ဇာတ်သိမ်းပိုင်း

547 10 2
                                    

"ဒီကိုပေး ကလေးက နို့ဆာလို့ငိုနေတာ"

ဆောင်းဦးပြောလိုက်တော့ ယောင်နနဖြင့် ပြန်ပြောလာသေးသည်။

"နို့ဗူးပါခဲ့လို့လား"

ဆောင်းဦး စိတ်မရှည်တော့ပါ။
သူ့ခင်ပွန်းက ကလေးနို့တိုက်နိုင်တယ်ဆိုတာ မေ့သွားလေသလား။

မျက်စောင်းသာခဲလိုက်ရင်း ကလေးကိုလှမ်းယူလိုက်သည်။ထို့နောက် ပေါင်ပေါ်အသာချလိုက်ပြီး

"အင်ငဲလေးက ဗိုက်ဆာနေတော့တာကို ဟုတ်ပါရဲ့"

ထိုသို့ပြောရင်း အင်္ကျီစကိုဆွဲလှန်ကာ ကလေးငယ်နို့တိုက်လိုက်တော့ ပါးစပ်သေးသေးလေးဖြင့် နို့ရည်များကိုစုပ်ယူနေသည်။

"အိမ်ကိုမောင်းပါ လူကြီးတွေကိုသေချာလေးကျေးဇူးတင်စကားပြောရအုံးမယ် ပြီးရင် အဝတ်အစားတွေလည်းသိမ်းရအုံးမယ်"

နို့တိုက်နေသောအငယ့်ကိုကြောင်ကြည့်နေရာမှ အငယ်ပြောလာသောစကားကြောင့် ကားစက်နှိုးကာ အိမ်ကို မောင်းလိုက်သည်။အိမ်ရောက်တော့ အငယ်က အင်္ကျီကိုပြန်ချပြီး ကလေးကိုပွေ့ချီကာ အောက်သို့ဆင်းသည်။ ကိုယ်လည်း လိုက်ဆင်းကာ အငယ့်နောက်မှလိုက်လာခဲ့သည်။

အိမ်ထဲရောက်တော့ အငယ်ကဆိုဖာပေါ်တွင်ဝင်ထိုင်သည်မို့ လင်္ကာလည်း ထိုင်လိုက်မိသည်။

"အန်တီ ဒါ သမီးအမျိုးသားပါ"

ဆောင်းဦးစကားကိုနားထောင်ပြီး သြော်ဟုသာတုံ့ပြန်ရှာသည်။

"အခုတလော သမီးကိုဂရုစိုက်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ် အန်တီတို့ကျေးဇူးကိုဒီတစ်သက်မမေ့ပါဘူး"

"မဟုတ်တာကွယ်"

ဆောင်းဦးက ကျေးဇူးတင်စကားဆိုတော့ မျက်နှာပျက်ပျက်နဲ့ဘဲငြင်းရှာသည်။ကလေးကိုသိပ်သံယောဇဥ်တွယ်နေကြခြင်းပင်။

"အင်းလေ သမီးလည်း ကလေးရှေ့ရေးရှိသေးတယ် လင်မယားနှစ်ယောက်ပြန်အဆင်ပြေသွားတာဘဲ ဝမ်းသာပါတယ် နောက်ကိုပြဿနာမဖြစ်ကြနဲ့တော့နော် "

"ဟုတ်ကဲ့ပါ အန်တီ"

"အေးအေး အချိန်လဲမလင့်တော့ဘူး ပစ္စည်းတွေသွားသိမ်းတော့လေ အင်ငဲလေးကို အန်တီ့ဆီမှာထားခဲ့"

ပင်မြင့်ထက်မှကြွေကျခဲ့လေသူ (Complete)Where stories live. Discover now